အင်္ဂုတ္တရနိကာယ်
၄-အဒန္တဝဂ်
၃၁။ ရဟန်းတို့ မဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆုံးမ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၃၂။ ရဟန်းတို့ ဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုံးမအပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၃၃။ ရဟန်းတို့ မလုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မလုံခြုံစေ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
၃၄။ ရဟန်းတို့ လုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ လုံခြုံစေအပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၃၅။ ရဟန်းတို့ မစောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မစောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
၃၆။ ရဟန်းတို့ စောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌမသုတ်။
၃၇။ ရဟန်းတို့ မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆို့ပိတ် အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
၃၈။ ရဟန်းတို့ ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆို့ပိတ်အပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
၃၉။ ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၄ဝ။ ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက် အဒန္တဝဂ် ပြီး၏။