အင်္ဂုတ္တရနိကာယ်

၇-ဝီရိယာရမ္ဘာဒိဝဂ်

၆၁။ ရဟန်းတို့ ဤထက်သန်သောလုံံ့လ’ဝီရိယာရမ္ဘ’၁တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လရှိသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၆၂။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၆၃။ ရဟန်းတို့ ဤအလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၆၄။ ရဟန်းတို့ ဤမရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၆၅။ ရဟန်းတို့ ဤရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆၆။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မန သိကာရ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ် ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်း အားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၆၇။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသောမနသိကာရ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း့ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၆၈။ ရဟန်းတို့ ဤမဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်သော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၆၉။ ရဟန်းတို့ ဤဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်း တို့ ဆင်ခြင်သော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ် ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၇ဝ။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်၂ ရှိခြင်း ‘ပါပမိတ္တတာ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ် ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခုနစ်ခုမြောက် ဝီရိယာရမ ္ဘာဒိဝဂ် ပြီး၏။

၁။ တက်ကြွ ပြည့်စုံသော သမ္မပ္ပဓာန် ဝီရိယ။

၂။ သဒ္ဓါမရှိသော, သီလမရှိသော, အကြားအမြင်နည်းသော, နှမြောဝန်တိုသော, ပညာမဲ့သော အဆွေခင်ပွန်း။