အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမဏသညာဝဂ်

၈-တိကိစ္ဆကသုတ်

၁ဝ၈။ ရဟန်းတို့ ဆေးသမားတို့သည် သည်းခြေကြောင့်ဖြစ်သော အနာတို့ကို ပျောက်စေခြင်းငှါလည်းကောင်း၊ သလိပ်ကြောင့်ဖြစ်သော အနာတို့ကို ပျောက်စေခြင်းငှါလည်းကောင်း၊ လေကြောင့် ဖြစ်သော အနာတို့ကို ပျောက်စေခြင်းငှါလည်းကောင်း ဝမ်းနုတ်ဆေးကို ပေးကုန်၏။ ရဟန်းတို့ ထိုဝမ်းနုတ်ဆေးသည် ရှိသည်သာတည်း၊ ထိုဆေး မရှိဟု ငါမဆို။ ရဟန်းတို့ ထိုဝမ်းနုတ်ဆေးသည် (ကိစ္စ) ပြီးသည်လည်း ရှိ၏၊ မပြီးသည်လည်း ရှိ၏။ ရဟန်းတို့ ငါသည်ကား အပြစ်ကို ပယ်ထုတ်တတ်သော မြတ်သော တရားဟူသော ဝမ်းနုတ်ဆေးကို ဟောပေအံ့၊ ယင်းဝမ်းနုတ်ဆေးသည် (ကိစ္စ) ပြီးသည်သာတည်း၊ မပြီးသည် မဟုတ်။ ယင်းဝမ်းနုတ် ဆေးကို စွဲ၍ ပဋိသန္ဓေနေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏၊ အိုခြင်းသဘောရှိသော သတ္တဝါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏၊ သေခြင်းသဘောရှိသော သတ္တဝါတို့သည် သေခြင်းမှ လွတ် မြောက်ကုန်၏၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်ကုန်၏။ ထိုတရားတို့ကို နာကုန်လော့၊ ကောင်းစွာ နှလုံး သွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည့်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။

ရဟန်းတို့ ထိုမြတ်သော ဝမ်းနုတ်ဆေးသည် အဘယ်နည်း၊ ယင်းဝမ်းနုတ်ဆေးသည် (ကိစ္စ) ပြီးသည်သာတည်း၊ မပြီးသည် မဟုတ်။ ယင်းဝမ်းနုတ်ဆေးကို စွဲ၍ ပဋိသန္ဓေနေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏၊ အိုခြင်းသဘောရှိသော သတ္တဝါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏၊ သေခြင်းသဘောရှိသော သတ္တဝါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်ကုန်၏။ ရဟန်းတို့ မှန်ကန်သော အမြင်ရှိသူအား မှားယွင်းသော အမြင်သည် ပယ်နုတ်ပြီး ဖြစ်၏။ မှားယွင်းသော အမြင်ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား ပယ်နုတ်ပြီး ဖြစ်ကုန်၏။ မှန်ကန်သော အမြင်ဟူသော အကြောင်း ကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ မှန်ကန်သော အကြံအစည်ရှိသူအား မှားယွင်းသော အကြံအစည်သည် ပယ်နုတ်ပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော စကားရှိသူအား မှားယွင်းသော စကားသည် ပယ်နုတ်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အလုပ်ရှိသူအား မှားယွင်းသော အလုပ်သည် ပယ်နုတ်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အသက်မွေးမှုရှိသူအား မှားယွင်းသော အသက်မွေးမှုသည် ပယ်နုတ်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော လုံ့လရှိသူအား မှားယွင်းသော လုံ့လသည် ပယ်နုတ်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သတိရှိသူအား မှားယွင်းသော သတိသည် ပယ်နုတ်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သမာဓိရှိသူအား မှားယွင်းသော သမာဓိသည် ပယ်နုတ်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော ဉာဏ်ရှိသူအား မှားယွင်းသော ဉာဏ်သည် ပယ်နုတ်ပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော လွတ်မြောက်မှုရှိသူအား မှားယွင်းသော လွတ်မြောက်မှုသည် ပယ်နုတ်ပြီး ဖြစ်၏။ မှားယွင်းသော လွတ်မြောက်မှုဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား ပယ်နုတ်ပြီး ဖြစ်ကုန်၏။ မှန်ကန်သော လွတ်မြောက် မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤကား မြတ်သော ဝမ်းနုတ်ဆေးတည်း။ ယင်းဝမ်းနုတ်ဆေးသည် (ကိစ္စ) ပြီးသည် သာတည်း၊ ကိစ္စမပြီးသည် မဟုတ်။ ယင်းဝမ်းနုတ်ဆေးကို စွဲ၍ ပဋိသန္ဓေနေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏။ပ။ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံး မသာယာခြင်း ပြင်းစွာပင်ပန်းခြင်း သဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။