အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ဇာဏေုဿာဏိဝဂ်

၈-ကမ္မနိဒါနသုတ်

၁၇၄။ ရဟန်းတို့ သူ့အသက်သတ်ခြင်းကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟ အကြောင်းခံရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ မပေးသည်ကို ယူခြင်းကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟ အကြောင်း ခံရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟ အကြောင်းခံရှိ၏ဟု သုံးမျိုး ငါဟော၏။

ရဟန်းတို့ မဟုတ်မမှန်ပြောခြင်းကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟ အကြောင်းခံ ရှိ၏ဟု သုံးမျိုး ငါ ဟော၏။ ရဟန်းတို့ ကုန်းစကားကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟအကြောင်းခံရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ ရုန့်ရင်းကြမ်းတမ်းသော စကားကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟအကြောင်းခံ ရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ ပြိန်ဖျင်းသော စကားကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟ အကြောင်းခံ ရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟ အကြောင်းခံ ရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟ အကြောင်းခံ ရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ မှားယွင်းသော အယူ ‘မိစ္ဆာဒဋ္ဌိ’ကိုလည်း လောဘအကြောင်းခံ ဒေါသအကြောင်းခံ မောဟအကြောင်းခံ ရှိ၏ဟု သုံးမျိုး ငါဟော၏။ ရဟန်းတို့ ဤသို့လျှင် လောဘသည် ကံအကြောင်း ဖြစ်၏၊ ဒေါသသည် ကံအကြောင်း ဖြစ်၏၊ မောဟသည် ကံအကြောင်း ဖြစ်၏၊ လောဘကုန်ခြင်းကြောင့် ကံအကြောင်းကုန်၏၊ ဒေါသကုန်ခြင်းကြောင့် ကံအကြောင်းကုန်၏၊ မောဟကုန်ခြင်းကြောင့် ကံအကြောင်းကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။