အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ဇာဏေုဿာဏိဝဂ်

၉-ပရိက္ကမနသုတ်

၁၇၅။ ရဟန်းတို့ ဤတရားသည် ရှောင်လွှဲ၍ရ၏၊ ဤတရားသည် ရှောင်လွှဲ၍ မရသည် မဟုတ်၊ ရဟန်းတို့ အဘယ်သို့လျှင် ဤတရားသည် ရှောင်လွှဲ၍ ရသနည်း၊ ဤတရားသည် ရှောင်လွှဲ၍ မရသည် မဟုတ်သနည်း၊ ရဟန်းတို့ သူ့အသက်သတ်လေ့ရှိသူအား သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ မပေးသည်ကို ယူလေ့ရှိသူအား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း သည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသူအား ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ မဟုတ်မမှန်ပြောလေ့ရှိသူအား မဟုတ် မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ ကုန်းစကားပြောသူအား ကုန်း စကားမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ ရုန့်ရင်းကြမ်းတမ်းသော စကားပြောသူအား ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ ပြိန်ဖျင်းသော စကားပြောသူအား ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ အဘိဇ္ဈာ များသူအား အဘိဇ္ဈာမများခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ ပျက်စီးစေလိုစိတ်ရှိသူအား မပျက်စီးစေလိုခြင်းသည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ မှားယွင်းသော အယူရှိသူအား မှန်ကန်သော အယူရှိခြင်း သည် ရှောင်လွှဲမှု ဖြစ်၏၊ ရဟန်းတို့ ဤသို့လျှင် ဤတရားသည် ရှောင်လွှဲ၍ရ၏၊ ဤတရားသည် ရှောင်လွှဲ၍ မရသည် မဟုတ်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။