အင်္ဂုတ္တရနိကာယ်
(၁၈) ၃-သာဓုဝဂ်
၃-ကုသလသုတ်
၁၈ဝ။ ရဟန်းတို့ သင်တို့အား ကုသိုလ်ကိုလည်းကောင်း၊ အကုသိုလ်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အကုသိုလ်ဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အကုသိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ကုသိုလ်ဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ကုသိုလ်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။