အင်္ဂုတ္တရနိကာယ်
(၁၈) ၃-သာဓုဝဂ်
၄-အတ္ထသုတ်
၁၈၁။ ရဟန်းတို့ သင်တို့အား အကျိုးကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အကျိုးမဲ့ဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အကျိုးမဲ့ဟု ဆိုအပ်၏။ ရဟန်းတို့ အကျိုးဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အကျိုးဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။