အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သာဓုဝဂ်

၅-ဓမ္မသုတ်

၁၈၂။ ရဟန်းတို့ သင်တို့အား တရားကိုလည်းကောင်း၊ တရားမဟုတ်သည်ကိုလည်းကောင်း ဟော ပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ တရားမဟုတ်ဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို တရားမဟုတ်ဟု ဆိုအပ်၏။ ရဟန်းတို့ တရားဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။