အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သာဓုဝဂ်

၆-အာသဝသုတ်

၁၈၃။ ရဟန်းတို့ သင်တို့အား အာသဝေါတရားတို့၏ အာရုံဖြစ်သော တရားကိုလည်းကောင်း၊ အာသဝေါတရားတို့၏ အာရုံမဟုတ်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန် လော့။ပ။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော တရားဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ အာရုံဖြစ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံမဟုတ်သော တရားဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ အာရုံမဟုတ်သော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။