အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သာဓုဝဂ်

၇-ဝဇ္ဇသုတ်

၁၈၄။ ရဟန်းတို့ သင်တို့အား အပြစ်ရှိသော တရားကိုလည်းကောင်း၊ အပြစ်မရှိသော တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အပြစ်ရှိသောတရားဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အပြစ်ရှိသော တရားဟု ဆိုအပ်၏။ ရဟန်းတို့ အပြစ်မရှိသော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အပြစ်မရှိသော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။