အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၄-မဟာစုန္ဒသုတ်

၂၄။ အခါတစ်ပါး၌ အသျှင်မဟာစုန္ဒသည်စေတီတိုင်း သဟဇာတိမြို့၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်မဟာစုန္ဒသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က”ငါ့သျှင်”ဟု အသျှင်မဟာစုန္ဒအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်မဟာစုန္ဒသည် ဤစကား ကို (မိန့်တော်မူ၏) —

ငါ့သျှင်တို့ ဉာဏ်နှင့် ပြည့်စုံ၏ဟူသော စကား”ဉာဏဝါဒ’ ကို ဆိုသော ရဟန်းသည် “ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ “ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဘာဝနာနှင့် ပြည့်စုံ၏ဟူသော စကား ‘ဘာဝနာဝါဒ’ ကို ဆိုသော ရဟန်းသည် “(ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကို ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ “ဤအသျှင်သည် လောဘ မဖြစ် မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလို မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်းသည် “ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကို ပွါးပြီး ဖြစ်၏၊ စိတ် (သမာဓိ)ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ “ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဥပမာသော်ကား ယောကျာ်းသည် ဆင်းရဲသူသာ ဖြစ်လျက် ကြွယ်ဝ၏ဟူသော စကားကို ဆိုရာ၏၊ ဥစ္စာမဲ့သူသာ ဖြစ်လျက် ဥစ္စာရှိ၏ဟူသော စကားကို ဆိုရာ၏၊ စည်းစိမ်မဲ့သူသာ ဖြစ်လျက် စည်းစိမ် ရှိ၏ဟူသော စကားကို ဆိုရာ၏၊ ထိုသူသည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ ဖြစ်လတ်သော့်ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးခြင်းငှါ မတတ်နိုင်ရာ၊ ထိုသူကို “ဤအသျှင်သည် ဆင်းရဲသူသာ ဖြစ်လျက် ကြွယ်ဝ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် ဥစ္စာမဲ့သူသာ ဖြစ်လျက် ဥစ္စာရှိ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် စည်းစိမ်မဲ့သူသာ ဖြစ်လျက် စည်းစိမ်ရှိ၏ဟူသော စကားကို ဆို၏”ဟု သိကုန်ရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ ဖြစ်လတ်သော် ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးခြင်းငှါ မတတ်နိုင်သောကြောင့်တည်း။

ငါ့သျှင်တို့ ဤအတူပင် ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်း သည် “ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကို ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ “ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့်အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဉာဏဝါဒကိုဆိုသော ရဟန်းသည် “ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ “ဤအသျှင်သည် လောဘမဖြစ်မည့် အခြင်း အရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဘာဝနာဝါဒကိုဆိုသော ရဟန်းသည် “(ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကို ပွါးပြီး ဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ “ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့်အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်းသည် “ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကို ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ “ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင် သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဥပမာသော်ကား ယောကျာ်းသည် ကြွယ်ဝသူ ဖြစ်၍သာလျှင် ကြွယ်ဝ၏ဟူသော စကားကို ဆိုရာ၏၊ ဥစ္စာရှိသူဖြစ်၍သာလျှင် ဥစ္စာရှိ၏ဟူသော စကားကို ဆိုရာ၏၊ စည်းစိမ်ရှိသူဖြစ်၍ သာလျှင် စည်းစိမ်ရှိ၏ဟူသော စကားကို ဆိုရာ၏၊ ထိုသူသည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ ဖြစ်လတ်သော် ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးရန် စွမ်းနိုင်ရာ၏၊ ထိုသူကို “ဤအသျှင်သည် ကြွယ်ဝသူဖြစ်၍သာလျှင် ကြွယ်ဝ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် ဥစ္စာရှိသူဖြစ်၍သာလျှင် ဥစ္စာရှိ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် စည်းစိမ်ရှိသူဖြစ်၍သာလျှင် စည်းစိမ်ရှိ၏ဟူသော စကားကို ဆို၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြစ်လတ်သော် ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးရန် စွမ်းနိုင်သောကြောင့်တည်း”ဟု သိကုန်ရာ၏။ ငါ့သျှင်တို့ ဤအတူပင် ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်း သည် “ဤသို့ (ငါ) သိ၏၊ ဤသို့ (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကို ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီး ဖြစ်၏”ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ “ဤအသျှင်သည် လောဘမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။