အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဒါနဝဂ်

၁၄၂။ ရဟန်းတို့ အလှူတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်း လေးပါးအလှူ ‘အာမိသဒါန’လည်းကောင်း၊ တရားအလှူ ‘ဓမ္မဒါန’လည်းကောင်းတို့တည်း။ ရဟန်းတို့ အလှူ ‘ဒါန’ တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအလှူနှစ်မျိုးတို့တွင် အကြင် တရားအလှူသည် ရှိ၏၊ ထိုတရားအလှူသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၄၃။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းဖြင့် ပူဇော်ခြင်း ‘အာမိသယာဂ’လည်းကောင်း၊ တရားဖြင့် ပူဇော်ခြင်း ‘ဓမ္မယာဂ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပူဇော်ခြင်းနှစ်မျိုး တို့တွင် အကြင် တရားဖြင့် ပူဇော်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ပူဇော်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၄၄။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို စွန့်ကြဲခြင်း ‘အာမိသစာဂ’လည်းကောင်း၊ တရားကိုစွန့်ကြဲခြင်း ‘ဓမ္မစာဂ’လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော စွန့်ကြဲခြင်း တို့တွင် အကြင် တရားကို စွန့်ကြဲခြင်းသည် ရှိ၏၊ ထိုတရားစွန့်ကြဲခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၄၅။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို စွန့်ကြဲခြင်း ‘အာမိသပရိစ္စာဂ’လည်းကောင်း၊ တရားကိုစွန့်ကြဲခြင်း ‘ဓမ္မပရိစ္စာဂ’လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤစွန့်ကြဲခြင်းနှစ်မျိုး တို့တွင် အကြင် တရားကို စွန့်ကြဲခြင်းသည် ရှိ၏၊ ထိုတရားကို စွန့်ကြဲခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၄၆။ ရဟန်းတို့ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို သုံးဆောင်ခြင်း ‘အာမိသဘောဂ’လည်းကောင်း၊ တရားကို သုံးဆောင်ခြင်း’ဓမ္မဘောဂ’လည်းကောင်းတို့တည်း။ ရဟန်းတို့ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤသုံးဆောင်ခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို သုံးဆောင်ခြင်းသည် ရှိ၏၊ ထိုတရားကို သုံးဆောင်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၄၇။ ရဟန်းတို့ အတူတကွ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို အတူတကွ သုံးဆောင်ခြင်း ‘အာမိသသမ္ဘောဂ’ လည်းကောင်း၊ တရားကို အတူတကွ သုံးဆောင်ခြင်း ‘ဓမ္မသမ္ဘောဂ’လည်းကောင်းတို့တည်း။ ရဟန်းတို့ အတူတကွ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအတူတကွ သုံးဆောင်ခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို အတူ တကွ သုံးဆောင်ခြင်းသည် ရှိ၏၊ ထိုတရားကို အတူတကွ သုံးဆောင်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၄၈။ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို ခွဲခြမ်းဝေဖန်ခြင်း ‘အာမိသသံဝိဘာဂ’လည်းကောင်း၊ တရားကို ခွဲခြမ်းဝေဖန်ခြင်း ‘ဓမ္မသံဝိဘာဂ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ခွဲခြမ်းဝေဖန်ခြင်းတို့တွင် အကြင်တရားကို ခွဲခြမ်းဝေဖန်ခြင်းသည် ရှိ၏၊ ထိုတရားကို ခွဲခြမ်းဝေဖန်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

၁၄၉။ ရဟန်းတို့ ထောက်ပံ့ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းဖြင့် ထောက်ပံ့ခြင်း ‘အာမိသသင်္ဂဟ’လည်းကောင်း၊ တရားဖြင့် ထောက်ပံ့ခြင်း ‘ဓမ္မသင်္ဂဟ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ထောက်ပံ့ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤထောက်ပံ့ခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် ထောက်ပံ့ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ထောက်ပံ့ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၅ဝ။ ရဟန်းတို့ ချီးမြှောက်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းဖြင့် ချီးမြှောက်ခြင်း ‘အာမိသာနုဂ္ဂဟ’လည်းကောင်း၊ တရားဖြင့် ချီးမြှောက်ခြင်း ‘ဓမ္မာနုဂ္ဂဟ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ချီးမြှောက်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချီးမြှောက်ခြင်းနှစ်မျိုးတို့တွင် အကြင် တရားဖြင့် ချီးမြှောက်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ချီးမြှောက်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၅၁။ ရဟန်းတို့ သနားခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်း ဖြင့် သနားခြင်း ‘အာမိသာနုကမ္ပာ’လည်းကောင်း၊ တရားဖြင့် သနားခြင်း ‘ဓမ္မာနုကမ္ပာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ သနားခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤသနားခြင်း နှစ်မျိုး တို့တွင် အကြင် တရားဖြင့် သနားခြင်းသည် ရှိ၏၊ ထိုတရားဖြင့် သနားခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)

သုံးခုမြောက် ဒါနဝဂ် ပြီး၏။