အင်္ဂုတ္တရနိကာယ်
၃-ဗာလဝဂ်
၂၂။ ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုး တို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိ၏အပြစ်ကို အပြစ်ဟု မရှုသောသူ၎င်း တောင်းပန်၀န်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသော သူ၎င်းတို့တည်း။ ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ပညာရှိတို့သည်ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိအပြစ်ကို အပြစ်ဟု ရှုသောသူ၏၎င်း တောင်းပန်၀န်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်ခံသောသူ ၎င်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည်ဤနှစ်မျိုး တို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၁)
၂၃။ ရဟန်းတို့ ဤသူနှစ်မျိုး တို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- အတွင်း၌ ဒေါသကိန်း၍ ဒေါသသည် ဖျက်ဆီးအပ်သောသူ၎င်းမကောင်းသော ယူခြင်းဖြင့်ဟူသော သဒ္ဒါလွန်ကဲသူ ၎င်းတို့တည်း ရဟန်းတို့ ဤသူနှစ်မျိုးတို့သည်မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ဟု (မိန့်တော်မူ၏)။
၂၄။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ- မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်'' ဟု ပြသောသူ၎င်း မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို ''မြတ်စွာဘုရားမဟောအပ် မပြောအပ်'' ဟု ပြသောသူ၎င်း မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို ''မြတ်စွာဘုရားမဟောအပ် မပြောအပ်'' ဟု ပြသောသူ၎င်း တို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့တည် မြတ်စွာဘုရားကိုမဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ဟု (မိန့်တော်မူ၏) ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို မစွပ်စွဲတတ်ကုန်။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မြတ်စွာဘုရား မဟောအပ်မပြောအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်'' ဟု ပြသောသူ ၎င်းတို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် မပြောဆို မစွပ်စွဲတတ်ကုန်ဟု။ (မိန့်တော်မူ၏)။
၂၅။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန် ၏။အဘယ် နှစ်မျိုး တို့နည်း ဟူမူ- ဆောင်၍ သိအပ်ဟော အနက်ရှိသော 'နေယျတ္ထ' သုတ်ကို ''တိုက်ရိုက်သိအပ်သော အနက်ရှိသော 'နီတတ္ထ' သုတ်'' ဟု ပြသောသူ၎င်း တိုက်ရိုက် သိအပ်သော အနက်ရှိသော'နီတတ္ထ'သုတ်'' ဟု ပြသောသူ၎င်း တိုက်ရိုက် သိအပ်သော အနက်ရှိသော 'နီတတ္ထ' သုတ်ကို ''ဆောင်၍သိအပ်သော အနက်ရှိသော 'နေယျတ္တ' သုတ်'' ဟု ပြသောသူ ၎င်းတို့တည်း။ ရဟန်းတို့ ဤသူ နှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ ဟု (မိန့်တော် မူ၏)။ (၄)
၂၆။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် မပြောဆို မစွပ်စွဲတတ် ကုန်။အဘယ် နှစ်မျိုး တို့နည်း ဟူမူ- ဆောင်၍ သိအပ်သော အနက်ရှိသော 'နေယျတ္တ' သုတ်ကို ''ဆောင်၍သိအပ်သော အနက်ရှိသော 'နေယျတ္ထ' သုတ်'' ဟု ပြသောသူ၎င်း တိုက်ရိုက် သိအပ်သော အနက်ရှိသော 'နီတတ္ထ' သုတ်ကို ''တိုက်ရိုက် သိအပ်သော အနက်ရှိသော 'နီကတ္တ' သုတ်'' ဟု ပြသော သူ၎င်းတို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် မပြောဆို မစွပ်စွဲတတ် ကုန်ဟု(မိန့်တော်မူ၏)။ (၅)
၂၇။ ရဟန်းတို့ ဖုံးလွှမ်းအပ်သော မကောင်းမှုရှိသောသူသည် ငရဲဘုံ 'နိရယဂတိ' ၎င်း တိရစ္ဆာန်မျိုး 'တိရစ္ဆာနဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုးသော လားရာ 'ဂတိ' ကို မချွတ်ရလိမ့်မည် ဟု မြှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။ ရဟန်းတို့ ဖုံးလွှမ်းအပ်သော မကောင်းသော မရှိသူသည် နတ်ဘုံ 'ဒေ၀ဂတိ' ၎င်း လူ့ဘုံ 'မနုဿဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုး သောလားရာ 'ဂတိ' ကို မချွတ်ရလိမ့်မည် ဟု မြှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။ (၆)
၂၈။ ရဟန်းတို့ မကောင်းသော မြင်ခြင်း 'မိစ္ဆာဒိဋ္ဌိအယူ' ရှိသောသူအား ငရဲဘုံ 'နိရယဂတိ' ၎င်းတိရစ္ဆာန်မျိုး 'တိရစ္ဆာနဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုးသော လားရာ 'ဂတိ' ကိုမချွတ်ရလိမ့်မည် ဟု မြှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။ (၇)
၂၉။ ရဟန်းတို့ ကောင်းသော မြင်ခြင်း 'သမ္မာဒိဋ္ဌိအယူ' ရှိသောသူအား နတ်ဘုံ 'ဒေဝဂတိ' ၎င်းလူ့ဘုံ 'မနုဿဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုးသော လားရာဂတိ' ကို မချွတ်ရလိမ့်မည်ဟု မြှော်လင့် အပ်၏ဟု (မိန့်တော်မူ၏)။ (၈)
၃၀။ ရဟန်းတို့ သီလမရှိသော သူအား ငရဲဘုံ 'နိရယဂတိ' ၎င်း တိရစ္ဆာန်မျိုး 'တိရစ္ဆာနဂတိ' ၎င်းဤလားရာ 'ဂတိ' နှစ်မျိုးတို့ကို ခံယူအပ်ကုန်၏။ ရဟန်းတို့ သီလရှိသော သူအား နတ်ဘုံ 'ဒေဝဂတိ' ၎င်းလူ့ဘုံ မနုဿဂတိ' ၎င်း ဤလားရာ' ဂတိနှစ်မျိုးတို့ကို ခံယူအပ်ကုန်၏ ဟု (မိန့်တော်မူ၏)။ (၉)
၃၁။ ရဟန်းတို့ အကြောင်းထူးနှစ်မျိုးတို့ကို ကောင်းစွာ ရှုဆင်ခြင်လျက် အာရညကင် ဓုတင်ကိုပြီးစေနိုင်သော တောကျောင်း လူတို့ကျက်စားရာ မဟုတ်သော တောကျောင်း အစွန်အဖျားကျ၍ အလွန်ဝေးကွာသော တောကျောင်းတို့ကို ငါမှီဝဲ၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိ၏ မျက်မှောက်ဘဝ၌(ဈာနသမာပတ် ဖလသမာပတ်ဖြင့်) ချမ်းသာစွာနေခြင်းကို ကောင်းစွာ ရှုဆင်ခြင်ခြင်း၎င်း နောင်လာသူများကို အစဉ်သနားခြင်း၎င်း တို့တည်း။ ရဟန်းတို့ ဤအကြောင်းထူး နှစ်မျိုးတို့ကို ကောင်းစွာ ရှုဆင်ခြင်လျက် ငါသည် အာရညကင်ဓုတင်ကို ပြီးစေနိုင်သော တောကျောင်း လူတို့ ကျက်စားရာ မဟုတ်သောတောကျောင်း အစွန်အဖျားကျ၍ အလွနေ်ဝးကွာသော တောကျောင်းတို့ကို မှီဝဲ၏ ဟု (မိန့်တော်မူ၏)။(၁၀)
၃၂။ ရဟန်းတို့ ၀ိဇ္ဇာအဘို့အစု၌ ဖြစ်ကုန်သော ဤတရားတို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုး တို့နည်း ဟူမူ - စိတ်၏ တည်ကြည်ခြင်း သမထ၎င်း သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ၀ိပဿနာ၎င်း တို့တည်း။ ရဟန်းတို့ သမထကို ပွားများအပ်သော် အဘယ်အကျိုးကို ရရှိခံစားရသနည်း၊ စိတ်ကိုပွားများစေအပ်၏။ စိတ်ကိုပွားများ စေအပ်သော် အဘယ်အကျိုး ခံစားရသနည်း၊ တပ်မက်ခြင်း 'ရာဂ'ကို ပယ်နိုင်၏။ ရဟန်းတို့ သင်္ခါရတရားတို့ကို ရဆှု င်ခြင်ခြင်း ၀ိပဿနာကို ပွားများအပ်သော် အဘယ်အကျိုးကို ခံစားရသနည်း၊ ပညာကို ပွားများစေအပ်၏။ ပညာကို ပွားများစေအပ်သော် အဘယ်အကျိုးကိုခံစားရသနည်း၊ မသိခြင်း 'အဝိဇ္ဇာ' ကို ပယ်နိုင်၏။ ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ' ဖြင့် ညစ်ညူးသော်စိတ်သည် ကိလေသာမှ မလွတ်မြောက် မသိခြင်း 'အဝိဇ္ဇာ' ဖြင့် ညစ်ညူးသော် ပညာကို မပွားများစေအပ်။ ရဟန်းတို့ ဤသို့လျှင် တပ်မက်ခြင်း 'ရာဂ' ၏ ကုန်ခမ်းခြင်းကြောင်း စိတ်၏ ကိလေသာတို့မှလွတ်မြောက်ခြင်း 'စေတောဝိမုတ္တိ'သည် ဖြစ်၏။ မသိမှု 'အဝိဇ္ဇာ' ၏ ကုန်ခမ်းခြင်းကြောင့် ပညာ၏ကိလေသာတို့မှ လွတ်မြောက်ခြင်း 'ပညာဝိမုတ္တိ' သည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၁)
သုံးခုမြောက် ဗာလ၀ဂ် ပြီး၏