ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

အင်္ဂုတ္တရနိကာယ်

၄-သမစိတ္တဝဂ်

၃၃။ ရဟန်းတို့ သူယုတ်မာတို့၏ အခြေခံ သဘောကို၎င်း သူတော်ကောင်းတို့၏ အခြေခံသဘောကို၎င်း ဟောကြားအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ဟောကြားပေအံ့ ဟု(မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီဟု'' ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ ကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏- ''ရဟန်းတို့သူယုတ်မာတို့ ၏ အခြေခံသဘောသည် အဘယ်နည်း ရဟန်းတို့ သူယုတ်မာသည် ပြုဘူးသောသူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိ။ ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏။ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းဟူသောသူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းဟူသော ဤအလုံးစုံသည်သူယုတ်မာတို့၏ အခြေခံ သဘောပေတည်း။ ရဟန်းတို့ သူတော်ကောင်းတို့သည်ကား ပြုဘူးသောသူ့ကျေးဇူးကို သိ၏။ ပြုဘူး သော သူ့ကျေးဇူးကို ထင်စွာပြု၍ သိ၏။ ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို သိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြုခြင်း သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွှမ်းကုန်၏။ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို သိခြင်း ပြုဘူးသော ကျေးဇူးကို ထင်ရှားစွာပြု၍ ပြုဘူးသောသူ့ကျေးဇူးကို (ထင်ရှားစွာ ပြု၍) သိခြင်းဟူသော ဤအလုံးစုံသည့် သူတော်ကောင်းတို့၏ အခြေခံသဘော ပေတည်း'' ဟု (မိန့်တော်မူ၏)။ (၁)

၃၄။ ရဟန်းတို့ နှစ်ဦးသော သူတို့ကို လွယ်ကူစွာ ကျေးဇူးတုံ့ပြုနိုင်သည်ဟု ငါမဟော။ အဘယ်နှစ်ဦး တို့နည်း ဟူမူ- မိခင်၎င်း ဖခင်၎င်းတို့တည်း။ ရဟန်းတို့ သားသမီးဖြစ်သော သူသည် အသက်တရာတန်း၌ ဖြစ်၍ အနှစ်တရာ ပတ်လုံး အသက်ရှည်ကာ ပခုံးတဖက်ဖြင့် အမိကို ဆောင်ယူ၍လုပ်ကျွေး ပြုစုရာ၏၊ ပခုံးတဖက်ဖြင့် အဖကို ဆောင်ယူ၍ လုပ်ကျွေးပြုစုရာ၏။ ထိုသားသမီးဖြစ်သူသည်ထိုအမိအဖတို့အား အနံ့အသက်ကင်းအောင် အမွှေးအကြိုင်လိမ်းပေးခခြင်း အညောင်းအညာပြေအောင်နှိပ်နယ်ပေးခြင်း ရေပူရေအေးချိုးပေးခြင်း ခြေဆုပ်လက်နယ် ပြုခြင်းဖြင့် လုပ်ကျွေးပြုရာ၏။ ထိုအမိအဖတို့သည် လည်း ထိုသားသမီးတို့ ပခုံးပေါ်၌ပင်လျှင် ကျင်းကြီး ကျင်ငယ်ကို စွန့်ကုန်ရာ၏။ ရဟန်းတို့ဤသို့ပင် ပြုစုပါစေသော်လည်း အမိအဖတို့အား ကျေးဇူးပြုခြင်းသည်၎င်း ကျေးဇူး တုံ့ပြုခြင်းသည်၎င်းမဖြစ်နိုင် သေးသည် သာတည်း။ ရဟန်းတို့ (အကြင်သူသည်ကား) များစွာသော ရတနာရှိသော ဤမဟာပထ၀ီ မြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်၌ အမိအဖတို့ကို တည်နေစေရာ၏။ ရဟန်းတို့ဤသို့ပင် ပြုစုပါသော်လည်း အမိအဖတို့အား ကျေးဇူးပြုခြင်းသည်၎င်း ကျေးဇူးတုံ့ပြန်ခြင်းသည်၎င်းမဖြစ် နိုင်သေးသည် သာတည်း။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း ဟူမူ- ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူးကို ပြုကြသူ ကြီးပွားလာအောင် စောင့်ရှောက်ကြသူမွေးကျွေး ကြသူ ဤလောက၌ ပြသကြသူ ဖြစ်ကြသောကြောင့်တည်း။ ရဟန်းတို့ အကြင်သူသည်ကားသဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှာ ဆောက်တည်စေ၏။ သက်၀င်စေ၏၊ တည်စေ၏။ သီလမရှိသောအမိအဖတို့ကို သီလနှင့် ပြည့်စုံခြင်းငှာ ဆောက်တည် စေ၏။ သက်၀င်စေ၏။ တည်စေ၏၊ ၀န်တိုခြင်းမစ္ဆရိယ ရှိကုန်သော အမိ အဖတို့ကို စွန့်ကြဲ ပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှာ ဆောက်တည်စေ၏၊သက်၀င် စေ၏၊ တည်စေ၏။ ရဟန်းတို့ ဤသို့သော ပြုစုခြင်းဖြင့်သာလျှင် အမိအဖတို့အား ကျေးဇူးပြုခြင်းသည်၎င်း ကျေးဇူးတုံ့ပြုခြင်း သည်၎င်း ဖြစ်နိုင်၏ ဟု (မိန့်တော်မူ၏)။ (၂)

၃၅။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ၀မ်းမြောက် ၀မ်းသာ ပြောဆို၏။ ၀မ်းမြောက်ဖွယ် စကားကို။ပ။ တခုသော နေရာ၌ ထိုင်နေပြီး လျှင်ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် အဘယ် အယူ၀ါဒ ရှိပါသနည်း အဘယ် အကျင့်ကို ဟောကြားလေ့ ရှိပါသနည်း'' ဟု လျှောက်၏။ ပုဏ္ဏား ငါသည် ပြုအပ်၏ဟူသော ကိရိယ၀ါဒလည်းရှိ၏ မပြုအပ် ဟူသော အကိရိယ၀ါဒလည်း ရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည်အဘယ်သို့လျှင် ပြုအပ်၏ဟူသော ကရိယ၀ါဒ ရှိပါသနည်း၊ အဘယ်သို့လျှင် မပြုအပ်ဟူသော အကရိယ၀ါဒ ရှိပါသနည်းဟု (လျှောက်၏)။

ပုဏ္ဏား ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကို၎င်း နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် '၀စီဒုစရိုက်' ကို၎င်း စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကို၎င်း မပြုအပ်ဟု ငါဟော၏။ များစွာကုန်သောယုတ်ညံ့ ကုန်သော အကုသိုလ်တရားတို့ကို မပြုအပ်ဟု ငါဟော၏။ ပုဏ္ဏားကိုယ်ဖြင့် ပြုအပ်သောကောင်းသော အကျင့် 'ကာယသုစရိုက်' ကို၎င်း နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် '၀စီသုစရိုက်' ကို၎င်း နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် '၀စီသုစရိုက်' ကို၎င်း စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'မနောသုစရိုက်' ကို၎င်း ပြုအပ်၏ဟု ငါဟော၏ များစွာကုန်သော ကုသိုလ်တရားတို့ကို ပြုအပ်၏ ဟု ငါဟော၏။ ပုဏ္ဏား ငါသည် ဤသို့လျှင် ပြုအပ်၏ဟူသော ကိရိယ၀ါဒလည်းရှိ၏။ မပြုအပ် ဟူသော အကိရိယ၀ါဒလည်း ရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်)အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ (၃)

၃၆။ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးသော် မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တခုသော နေရာ၌ ထိုင်နေ၏။ တခုသော နေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားအား''အသျှင်ဘုရား လောက၌ အလှူခံပုဂ္ဂိုလ်တို့သည် အဘယ်နှစ်မျိုး ရှိပါကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၌အလှူကို ပေးလှူထိုက်ပါသနည်း'' ဟု (လျှောက်၏)။ သြွူကယ် လောက၌ အလှူခံပုဂ္ဂိုလ်တို့သည် သေက္ခပုဂ္ဂိုလ်၎င်း အသေက္ခပုဂ္ဂိုလ်၎င်းတို့တည်း။ သြွူကယ် လောက၌ အလှူခံ ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း၊ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ အလှူကိုပေးလှူ ထိုက်၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊ ဤစကားကို ဟောပြီးနောက် ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် ထိုမှတပါးသော ဤဂါထာကို ဟောတော်မူ၏။''ဤလောက၌ ပေးလှူ ပူဇော်တတ်ကုန်သော ပုဂ္ဂိုလ်တို့၏ အလှူကို ခံထိုက်ကုန်သော ပုဂ္ဂိုလ်တို့သည် သေက္ခပုဂ္ဂိုလ် အသေက္ခပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ထိုအလှူခံထိုက်သော ပုဂ္ဂိုလ်တို့သည် ကိုယ်ဖြင့်၎င်းနှုတ်ဖြင့်၎င်း ထိုမှတပါး စိတ်ဖြင့်၎င်း ဖြောင့်မတ်ကုန်၏၊ ပေးလှူ ပူဇော်တတ်သော အလှူရှင်တို့၏ကောင်းမှုမျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်၏၊ ဤအလှူခံ ပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သော အလှူသည် များမြတ်သော အကျိုးရှိ၏'' ဟု (မိန့်တော်မူ၏)။ (၄)

၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတပါး၌ မြတ်စွာဘုရားသည် သာ၀တ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် သာ၀တ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ '၀ိသာခါ' ၏ ပြာသာဒ်၌ (သီတင်းသုံး)နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏။ထိုရဟန်း တို့သည် ''ငါသျှင်'' ဟု အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် 'ငါသျှင်တို့ အဇ္ဈတ္တသံယောဇဉ်၁ ရှိသော ပုဂ္ဂိုလ်ကို၎င်း ဗဟိဒ္ဓသံယောဇဉ်၂ ရှိသောပုဂ္ဂိုလ်ကို၎င်း ဟောကြားအံ့၊ ထိုတရားကို နာကြားကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့ဟောကြားပေအံ့' ဟု မိန့်တော်မူ၏၊ ''ငါသျှင် ကောင်းပါပြီ'' ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤတရားကို ဟောကြား၏။ 'ငါ့သျှင်တို့အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည်သီလရှိ၏။ ပါတိမောက္ခသံ၀ရသီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ'ဂေါစရ'နှင့် ပြည့်စုံသည် ဖြစ်၍ အဏုမြူမျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိလျက်သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည် မှ နောက်၌ (ကာမာ၀စရနတ် ခြောက်ဘုံတို့တွင်) တပါးပါးသော နတ်ဘုံသို့ ရောက်၏ ထိုရဟန်းသည်ထိုနတ်ပြည်မှ စုတေသော် ပဋိပန္ဓေအား ဖြင့် ဤလူ့ဘုံသို့ လာသောကြောင့် ဤအောက်ဘုံသို့ ပြန်လာသော အာဂါမိပုဂ္ဂိုလ်မည်၏။ ငါ့သျှင်တို့ ဤပုဂ္ဂိုလ်ကို ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ပြန်လာသောကြောင့် အောက်ဘုံသို့ ပြန်လာသော အာဂါမိမည်သော အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ ငါ့သျှင်တို့ ဤသာသနာတော်၌ရဟန်းသည် သီလရှိ၏။ ပါတီမောက္ခသံ၀ရသီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် 'အာစာရ'ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံသည် ဖြစ်၍ အဏုမြူမျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် သမာပတ် ရှစ်ပါးတို့တွင် တပါးပါးဖြစ်သော ကိလေသာတို့၏ ငြိမ်းအေးရာ ဖြစ်သော ကိလေသာတို့မှ စိတ်၏လွတ်မြောက်ရာ ဖြစ်သော စတုတ္ထဈာန်သမာပတ်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည် နောက်၌ (သုဒ္ဓါ၀ါသ ငါးဘုံတို့တွင်) တပါးပါးသော ဗြဟ္မာ့ဘုံသို့ ရောက်၏၊ထိုပုဂ္ဂိုလ်သည် ထိုဘုံမှ စုတေသော် ပဋိသန္ဓေအားဖြင့် ဤလူ့ဘုံသို့ မလာသောကြောင့် အနာဂါမိ ပုဂ္ဂိုလ်မည်၏။ ငါ့သျှင်တို့ ဤပုဂ္ဂိုလ်ကို ဤလူ့ဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာသောကြောင့် အနာဂါမိမည်သော ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တမျိုးကား ရဟန်းသည်သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် ကာမတို့ကိုပင်လျှင်ငြီးငွေ့ခြင်းငှာ ကာမတဏှာ ကင်းခြင်းငှာ ကာမတဏှာ ချုပ်ခြင်းငှာ ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော ဘ၀တို့ကိုပင်လျှင် ငြီးငွေ့ခြင်းငှာ ဘ၀တဏှာ ကင်းခြင်ငှာ ဘ၀တဏှာ ချုပ်ခြင်းငှာ ကျင့်၏။ထိုရဟန်းသည် ကာမတဏှာကုန်ခန်းခြင်းငှာကျင့်၏၊ ထိုရဟန်းသည် ဘ၀လော၏ ကုန်ခန်းခြင်းငှာကျင့်၏။ ထိုရဟန်းသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ (သုဒ္ဓါ၀ါသငါးဘုံတွင်) တပါးပါးသော ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ ထိုရဟန်းသည် ထိုဘုံမှ စုတေသော် ဤလူ့ဘုံသို့ မလာသောကြောင့် အနာဂါမိပုဂ္ဂိုလ် မည်၏။ ငါ့အသျှင်တို့ ဤပုဂ္ဂိုလ်ကို ဤလုူ့ဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာသောကြောင့်အနာဂါမိ ဟူသော ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏ဟု (ဟောကြား၏)။

ထိုအခါ တူမျှသော စိတ်ရှိကုန်သော များစွာကုန်သော နတ်တို့သည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကုန်ပြီး၍ တခုသော နေရာ၌ ရပ်တည်ကုန်၏။ တခုသောနေရာ၌ ရပ်တည်ပြီးသော ထိုနတ်တို့သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား ဤအသျှင်သာရိပုတြာသည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ '၀ိသာခါ' ၏ ပြာသာဒ်၌ ရဟန်းတို့အား အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်း ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်း ဟောပ၏၊ ပရိသတ်တို့ကလည်း ရွှင်လန်းနှစ်သက်ပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ မြတ်စွာဘုရားသည် အစဉ်သနားခြင်းကိုအကြောင်းပြု၍ အသျှင်သာရိပုတြာထံချဉ်းကပ် ြွကရောက်တော်မူပါ'' ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် သည်းခံတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အားရှိသောယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့၎င်း ထို့အတူ ဇေတ၀န်ကျောင်းတော်မှ ကွယ်တော်မူခဲ့ပြီးလျှင် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ'၀ိသာခါ' ၏ ပြာသာဒ် အသျှင်သာရိပုတြာ၏ မျက်မှောက်၌ ထင်ရှား ဖြစ်တော်မူ၏။ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တခုသော နေရာ၌ ထိုင်သော အသျှင်သာရိပုတြာအား မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူ၏- သာရိပုတြာ တူမျှသော စိတ်ရှိကုန်သော များစွာသော နတ်တို့သည် ငါ၏ထံသို့ ချဉ်းကပ်ကြ ကုန်၍ ငါ့ကို ရှိခိုးကြပြီးလျှင် တခုသော နေရာ၌ ရပ်တည်ကုန်၏။ သာရိပုတြာ တခုသော နေရာ၌ရပ်တည်ကြ ပြီးသော ထိုနတ်တို့သည် ငါ့အား ''အသျှင်ဘုရား ဤအသျှင်သာရိပုတြာသည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ '၀ိသာခါ' ၏ ပြဿဒ်၌ ရဟန်းတို့အား အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်း ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်း ဟောပါ၏၊ ပရိသတ်တို့ကလည်း ရွှင်လန်း နှစ်သက်ပါကုန် ၏၊ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ မြတ်စွာဘုရားသည် အစဉ်သနားခြင်းကို အကြောင်းပြု၍အသျှင်သာရိပုတြာထံသို့ ချဉ်းကပြွ်ကရောက်တော်မူပါ'' ဟု လျှောက်ကုန်၏။ သာရိပုတြာ ထိုနတ် ဗြဟ္မာတို့သည် ပွတ်ဆောက်ဖျားရာမျှလောက်သော နေရာ၌လည်း တကျိပ်တို့လည်း ဖြစ်ကုန်၍ နျစ်ကျိပ်တို့လည်း ဖြစ်ကုန်၍ သုံးကျိတ်တို့လည်း ဖြစ်ကုန်၍ လေးကျိတ်တို့လည်း ဖြစ်ကုန်၍ ငါးကျိပ်တို့လည်းဖြစ်ကုန်၍ ခြောက်ကျိပ်တို့လည်း ဖြစ်ကုန်၍ လေးကျိပ်တို့လည်း ဖြစ်ကုန်၍ ငါးကျိပ်တို့လည်း ဖြစ်ကုန်၍ခြောက်ကျိပ်တို့လည်း ဖြစ်ကုန်၍ တည်နေကုန်၏၊ အချင်းချင်း ထိပါးခြင်းလည်း မရှိကုန်။ သာရိပုတြာဤသို့သော အကြံသည် ဖြစ်ရာ၏၊ 'ထိုနတ် ဗြဟ္မာတို့သည် အကြင်သို့သော အခြင်းအရာအားဖြင့်ဖန်ဆင်းနိုင်သော စိတ်ဖြင့် ပွတ်ဆောက်ဖျားရာမျှလောက်သော နေရာ၌လည်း တကျိပ်တို့လည်း ဖြစ်ကုန်၍ နှစ်ကျိတ်တို့လည်း ဖြစ်ကုန်၍ သုံးကျိပ်တို့လည်း ဖြစ်ကုန်၍ လေးကျိပ်တို့လည်း ဖြစ်ကုန်၍ ငါးကျိတ်တို့လည်း ဖြစ်ကုန်၍ ခြောက်ကျိတ်တို့လည်း ဖြစ်ကုန်၍ တည်နေကုန်၏။ အချင်းချင်း ထိပါးခြင်းလည်းမရှိကုန်၊ ထိုနတ်ဗြဟ္မာတို့သည် ထိုသို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင်သော ထိုနတ်ဗြဟ္မာတို့သည် အကြင်သို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင်သော စိတ်ဖြင့် တကျိပ်တို့လည်း ဖြစ်ကုန်၏။ပ။ အချင်းချင်း ထိပါးခြင်းလည်း မရှိကုန်။ ထိုနတ်ဗြဟ္မာတို့သည် ထိုသို့သော အခြင်းအရာအားဖြင့်ဖန်ဆင်းနိုင်သော စိတ်ကို ဤလူ့ပြည် ဤသာသနာတော်၌သာလျှင် ပွားများအပ်၏ဟု မှတ်အပ်၏။သာရိပုတြာ ထိုသို့ဖြစ်သော ကြောင့် ဤသာသနာတော်၌ ငြိမ်သက်သော ဣန္ဒြေ ရှိကုန်အံ့၊ ငြိမ်သက်သောစိတ် ရှိကုန်အံ့ဟု ကျင့်ရမည်။ သာရိပုတြာ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်။ သာရိပုတြာငြိမ်သက်သော ဣန္ဒြေ ရှိကုန်သော ငြိမ်သက်သောစိတ် ရှိကြကုန်သော သင်တို့အား ငြိမ်သက်သည်သာလျှင် ဖြစ်သော ကာယကံ ငြိမ်သက်သည်လျှင် ဖြစ်သော ၀စီကံ ငြိမ်သက်သည်သာလျှင် ဖြစ်သောမနောကံသည် ဖြစ်လတ္တံ့၊ ငါတို့သည် သီတင်းသုံးဖော်တို့အား ငြိမ်သက်သည်သာလျှင် ဖြစ်သော ကိုယ်၊နှုတ်၊ စိတ် ဟူသော ပူဇော်ခြင်းဖြင့် ပူဇော်ကုန်အံ့ဟု ကျင့်ရမည်၊ သာရိပုတြာ သင်တို့သည် ဤသို့လျှင်ကျင့်ရမည်။ သာရိပုတြာ သာသနာတော်မှ တပါးသော အယူရှိကုန်သော အကြင် ပရိဗိုဇ်တို့သည်ဤတရားတော်ကို မနာကြားရကုန်၊ ထိုပရိဗိုဇ်တို့သည် ပျက်စီး၊ ဆုံးရှုံးကုန်၏ (မိန့်တော်မူ၏)။ (၅)

၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတပါး၌ အသျှင်မဟာကစ္စည်းသည်၀ရဏမြို့ ဘဒ္ဒသာရိ မြစ်ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အာရာမဒဏ္ဍပုဏ္ဏားသည်အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စည်းနှင့်အတူ ၀မ်းမြောက် ၀မ်းသာ ပြောဆို၏၊ ၀မ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တခုသော နေရာ၌ ထိုင်နေပြီးလျှင်အာရမဒဏ္ဍပုဏ္ဏားသည် အသျှင်မဟာကစ္စည်းအား ''အသျှင်ကစ္စနာ အကြင်အကြောင်း အထောက်အပံ့ကြောင့် မင်းတို့သည်လည်း မင်းတို့နှင့် ငြင်းခုံကြကုန်၏၊ ပုဏ္ဏားတို့သည်လည်း ပုဏ္ဏားတို့နှင့် ငြင်းခုံကြကုန်၏၊ သြွူကယ်တို့သည်လည်း သြွူကယ်တို့နှင့် ငြင်းခုံကြကုန်၏၊ ထိုသို့ ငြင်းခုံခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း'' ဟု လျှောက်၏ ပုဏ္ဏား ကာမရာဂ၃သည် သက်၀င်အပ် နှောင်ဖွဲ့အပ်သည် ဖြစ်၍ ကာမရာဂ၌ ကျွံနစ်ကာ ကာမရာဂသည် ဖမ်းစားအပ် မျိုထားအပ်သောကြောင့် မင်းတို့သည်လည်း မင်းတို့နှင့် ငြင်းခုံကြရကုန်၏၊ ပုဏ္ဏားတို့သည်လည်း ပုဏ္ဏားတို့နှင့် ငြင်းခုံကြကုန်၏၊ သြွူကယ်တို့သည်လည်း သြွူကယ်တို့နှင့် ငြင်းခုံကြကုန်၏ဟု(မိန့်၏)။အသျှင်ကစ္စနာ အကြင်အကြောင်း အထောက်အပံ့ကြောင့် ရဟန်းတို့သည် ရဟန်းတို့နှင့် ငြင်းခုံကြကုန်၏၊ ထိုငြင်းခုံခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏားဒဋ္ဌိရာဂ၄သည် သက်၀င်အပ် နှောင်ဖွဲ့အပ်သည် ဖြစ်၍ ဒိဋ္ဌိရာဂ၌ ကျွံနစ်ကာ ဒိဋ္ဌိရာဂသည် ဖမ်းစားအပ်မျိုထားအပ်သောကြောင့် ရဟန်းတို့သည်လည်း ရဟန်းတို့နှင့် ငြင်းခုံကြကုန်၏ဟု (မိန့်၏)။

အသျှင်ကစ္စာန ဤကာမရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ ဖမ်းစားခြင်းမျိုးထားခြင်းကိုလည်း လွန်မြောက်သော ဤဒိဋ္ဌိရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်းဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော တစုံတယောက်သော သူသည် လောက ၌ဟု(လျှောက်၏) ပုဏ္ဏား ဤကာမရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော ဤဒိဋ္ဌိရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်းဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော သူသည် လောက၌ ရှိ၏ဟု (မိန့်၏)။အသျှင်ကစ္စာန ဤကာမရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော ဤဒိဋ္ဌိရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော သူသည် လောက၌အဘယ်သူပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား အရှေ့တိုင်းတို့၌ သာ၀တ္ထိအမည်ရှိသော မြို့၅သည် ရှိ၏။ယခုအခါ သာ၀တ္ထိမြို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် (သီတင်းသုံး) နေတော်မူ၏။ ပုဏ္ဏား ထိုမြတ်စွာဘုရားသည်ဤကာမရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်တော်မူ၏။ ဤဒိဋ္ဌိရာဂ၏ သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်းဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်တော်မူ၏ ဟု (မိန့်ဆို၏)။ဤသို့ မိန့်တော်မူသော အာရာမဒဏ္ဍပုဏ္ဏားသည် နေရာမှ ထလျက် လက်၀ဲတဖက်- ပခုံးထက်၌အပေါ်ရုံကို တင်လျက် လကျာ်ပုဆစ်ဒူး၀န်ကို မြေကြီး၌ ထောက်၍ ဘုရားရှိတော်မူရာ အရပ်သို့လက်အုပ် ချီပြီးလျှင် သုံးကြိမ် ဥဒါန်းကျူးလေ၏- ''အကြင် မြတ်စွာဘုရားသည် ဤကာမရာဂ၏သက်၀င်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်းလွန်မြောက်တော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏။ပ။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏' ဟု (ဥဒါန်းကျူလေ၏)။

အသျှင်ကစ္စန (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ကစ္စာန (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ၀တ္ထုကို လှန်ဘိသကဲ့သို့၎င်း ဖုံးလွှမ်းထားသော ၀တ္ထုကို ဖွင့်လှစ်ဘိ သကဲ့သို့၎င်း မျက်စိလည်သော သူအား လမ်းမှန်ကိုပြောကြားဘိ သကဲ့သို့ ''မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'' ဟု အမိုက်အမှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိ သကဲ့သို့ အသျှင်ဘုရား ဤအတူသာလျှင် အသျှင်ကစ္စာနသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည်မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ကစ္စာနသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ (၆)

၃၉။ အခါတပါး၌ အသျှမဟာကစ္စည်းသည် မဓုရာပြည် ဂုဓုရာပြည် ဂုန္ဓာတော်၌၆ နေတော်မူ၏၊ထိုအခါ ကန္ဒရာယနပုဏ္ဏားသည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စည်းနှင့်အတူ။ပ။ တခုသော နေရာ၌ ထိုင်နေပြီးလျှင် အသျှင်မဟာကစ္စည်းအား ''အသျှင်ကစ္စန ရဟန်းကစ္စနသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမှီကုန်သော အဆုံးအရွယ်တို့ ရောက်ကုန်သောပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့်လည်း မဖိတ်ပါ။ အသျှင်ကစ္စန ထိုသို့(ရှိခိုးခြင်း စသည်ကို မပြုခြင်း)သည် မသင့်လျော်သည် သာလျှင်တည်းဟု (လျှောက်၏)။

ပုဏ္ဏား (တရားမှန်သမျှကို သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူအပ်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား ဟောတော်မူအပ်သော လူကြီး အဆင့်အတန်း '၀ုဒ္ဓဘူမိ' သည်၎င်း လူငယ်အဆင့်အတန်း 'ဒဟရဘူမိ' သည်၎င်းရှိ၏။ ပုဏ္ဏား ပဋိသန္ဓေအားဖြင့် ကြီးသော အကြင်သူသည် အရွယ်အားဖြင့် အနှစ်ရှစ်ဆယ်သော် ၎င်း အနှစ်ကိုးဆယ်သော်၎င်း အနှစ်တရာ သော်၎င်း အကယ်၍ပင် ဖြစ်စေကာမူ ထိုသူသည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားသူကာမဂုဏ်တို့၌ ကြံစည်ခြင်း 'ကာမ၀ိတက်' တို့ ကိုက်ခဲခံရသူ ကာမဂုဏ်ကို ရှာမှီးခြင်းငှာ လုံ့လပြုနေသူဖြစ်ခဲ့မူ ထိုသူသည် မိုက်မဲ လူငယ်ဟူသော ရေတွကြ်ခင်းသို့သာလျှင် ရောက်၏။

ပုဏ္ဏား အကြင်သူသည်ပျိုမျစ်သော ကောင်းစွာ နက်သော ဆံပင်ရှိသော ကောင်းသော အရွယ်နှင့် ပြည့်စုံသော ပဋ္ဌမအရွယ်နှင့်ပြည့်စုံသော သူငယ်ပင် ဖြစ်စေကာမူ ထိုသူသည် ကာမဂုဏ်တို့ကို မသုံးဆောင် မခံစားသူ ကာမဂုဏ်တည်းဟူသော အိမ်၌ အုပ်စိုး၍ မနေသူ ကာမဂုဏ်တည်းဟူသော အပူသည် အပူလောင် မခံရသူကာမဂုဏ်တို့၌ ကြံစည်ခြင်း 'ကာမ၀ိတက်' တို့ အကိုက်မခံရသူ ကာမဂုဏ်တို့ကို ရှာမှီခြင်းငှာလုံ့လမပြုသူ ဖြစ်ခဲ့မူ ထိုသူသည် မညာရှိ လူကြီးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏ဟု မိန့်ဆို၏။ဤသို့ မိန့်ဆိုလေလျှင် ကန္ဒရာယနပုဏ္ဏားသည် နေရာမှထ၍ ပခုံးတဖက်၌ အပေါ်ရုံကို တင်လျက်''အသျှင်တို့သည် ကြီးပါကုန်၏။ လူကြီး အဆင့်အတန်း၌ တည်ပါကုန်၏။ အကျွန်ုပ်တို့သည် ငယ်ပါကုန်၏ လူငယ် အဆင့်အတန်း၌ တည်ပါကုန်၏'' ဟုဆို၍ ရဟန်းငယ်တရားတို့၏ ခြေတို့ကို ဦးတိုက်လျက်ရှိခိုး၏။

အသျှင်ကစ္စနာ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ကစ္စနသည်အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟု မှတ်တော်မူပါဟု(လျှောက်၏)။ (၇)

၄၀။ ရဟန်းတို့ ခိုးသူတို့အင်အား ကြီးမားသောအခါ မင်းတို့သည် အင်အားနည်း ပါကုန်၏၊ရဟန်းတို့ ထိုအခါ၌ မင်းအား မြို့တွင်းသို့ ၀င်ခြင်းငှာ၎င်း မြို့ပြင်သို့ ထွက်ခြင်းငှာ၎င်း တိုင်းစွန်ပြည်နားဇနပုဒ်များသို့ လှည့်လည်ခြင်းငှာ၎င်း မလွယ်ကူ။ ထိုအခါ၌ ပုဏ္ဏား သြွူကယ်တို့အားလည်း မြို့တွင်းသို့၀င်ခြင်ငှာ၎င်း မြို့ပြင်သို့ ထွက်ခြင်းငှာ၎င်း ပြင်ပ အလုပ်ကိစ္စတို့ကို ကြည့်ရှုခြင်းငှား၎င်း မလွယ်ကူ။ရဟန်းတို့ ဤအတူသာလျှင် ရဟန်းယုတ်တို့ အင်အားကြီးမားသော သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့သည် အင်အားနည်းပါးကုန်၏။ ရဟန်းတို့ ထိုအခါ၌ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် သံဃာအလယ်၌ ဆိတ်ဆိတ် ဖြစ်ကုန်၍ သာလျှင် ငြိမ်သက်စွာ နေရကုန်၏၊ တိုင်းစွန်ပြည်နားဇနပုဒ်၌သော်လည်း နေထိုင်ရကုန်၏။ ရဟန်းတို့ ထိုသို့ ဖြစ်ခြင်းသည် လူအများ၏ အစီးအပွား မဲ့ခြင်းငှာလူအများ၏ မချမ်းသာခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွား မဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်၏။ ရဟန်းတို့ မင်းတို့ အင်အားကြီးမားသောအခါ၌ ခိုးသူတို့သည် အင်အားနည်းပါးကုန်၏၊ရဟန်းတို့ ထိုအခါ၌ မင်းအား မြို့တွင်းသို့ ၀င်ခြင်းငှာ၎င်း မြို့ပြင်သို့ ထွက်ခြင်းငှာ၎င်း တိုင်းစွန်းပြည်နားဇနပုဒ်များသို့ လှည်လည်ခြင်းငှာ၎င်း လွယ်ကူ၏။ ထိုအခါ ပုဏ္ဏား သြွူကယ်တို့အားလည်း မြို့တွင်းသို့၀င်ခြင်းငှာ၎င်း မြို့ပြင်သို့ ထွက်ခြင်ငှါ၎င်း ပြင်ပ အလုပ်ကိစ္စတို့ကို ကြည့်ရှုခြင်ငှါ၎င်း လွယ်ကူ၏။

ရဟန်းတို့ ဤအတူသာလျှင် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ အင်အားကြီးမားသောအခါ ရဟန်းယုတ်တို့သည် အင်အားနည်းပါးကုန်၏။ ရဟန်းတို့ ထိုအခါ ရဟန်းယုတ်တို့သည် သံဃာအလယ်၌ဆိတ်ဆိတ် ဖြစ်ကုန်၍ သာလျှင် ငြိမ်သက်စွာ နေရကုန်၏၊ ထိုထို အရပ်မျက်နှာသို့မူလည်း ထွက်ခွာသွားကြကုန်၏။ ရဟန်းတို့ ထိုသို့ ဖြစ်ခြင်းသည် လူအများ၏ အစီးအပွား ရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွား ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ ဟု (မိန့်တော်မူ၏) ။ (၈)

၄၁။ ရဟန်းတို့ လူသော်၎င်း ရဟန်း၏သော်၎င်း နှစ်ဦးသော သူတို့၏ မှားသော အကျင့်ကိုငါသည် မချီးမွမ်း။ ရဟန်းတို့ လူသော်၎င်း မှားသော အကျင့်ကို ကျင့်သည်ဖြစ်အံ့၊ မှားသော အကျင့်ကိုကျင့်ခြင်းကြောင့် ၀ိပဿနာနှင့်တကွ မဂ်ဟူသော ကုသိုလ်တရားကို မပြည့်စုံစေနိုင်။ ရဟန်းတို့ လူ၏သော်၎င်း ရဟန်းသော်၎င်း မှန်သော အကျင့်ကို ကျင့်အံ့၊ မှန်သော အကျင့်ကို ကျင့်ခြင်းကြောင့်၀ိပဿနာနှင့်တကွ မဂ်ဟူသော ကုသိုလ်တရားကို ပြည့်စုံစေနိုင်၏ ဟု (မိန့်တော်မူ၏)။ (၉)

၄၂။ ရဟန်တို့သည် မကောင်းသဖြင့် သင်ယူအပ်ကုန်သော သဒ္ဒါအားလျော်စွာ ရအပ်ကုန် သောသုတ္တန်တို့ဖြင့် ပါဠိကို၎င်း အနက်ကို၎င်း တားမြစ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ ၏ အစီးအပွား မဲ့ခြင်းငှါ လူအများ၏ မချမ်းသာခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏အစီးအပွား မဲ့ခြင်းငှာ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသောမကောင်းမှုကိုလည်း ဖြစ်စေကုန်၏ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ကောင်းသောအားဖြင့် သင်ယူအပ်ကုန်သော သဒ္ဒါအားလျော်စွာ ရအပ်ကုန်သော သုတ္တန်တို့ဖြင့် ပါဠိကို၎င်း အနက်ကို၎င်း လျော်စေကုန်၏။ ရဟန်းတို့ထိုရဟန်းတို့သည် လူအများ၏ အစီးအပွား ရှိခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်ကောင်းမှုကိုလည်း ပွားစေကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်စေသည် မည်ကုန်၏ ဟု (မိန့်တော်မူ၏)။

(၁၀)လေးခုမြောက် သမစိတ္တ၀ဂ် ပြီး၏။

၁။ အဇ္ဈတ္တသံယောဇဉ် ကာမဘ၀၌ တပ်မက်သော ဆန္ဒရာဂ၊ တနည်း သြရမ္ဘာဂိယသံယောဇဉ်။

၂။ ဗဟိဒ္ဓသံယောဇဉ် ရူပ အရူပဘ၀တို့၌ တပ်မက်သောဆန္ဒရာဂ၊ တနည်း ဥဒ္ဓံဘာဂိယသံယောဇဉ်။

၃။ ကာမဂုဏ်ငါးပါးကို အကြောင်းပြု၍ ဖြစ်သော တပ်မက်ခြင်းရာဂ။

၄။ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိကို အကြောင်းပြု၍ ဖြစ်သော တပ်မက်ခြင်းရာဂ။

၅။ သာ၀တ္တိနာမနဂရံ-ဟု ပါဋ္ဌိတော်ရှိသည်။ မြို့တော်ဖြစ်သော်လည်း မင်းနေပြည်ဖြစ်၍ သာ၀တ္တိပြည်ဟု နေရာအများမှာ သုံးသည်။

၆။ ပိတ်ချင်းနတ်တော။