အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၈-သုက္ကသုတ်

၈။ ရဟန်းတို့ ဖြူစင်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူကား။ မကောင်းမှုမှ ရှက်ခြင်း ဟိရီလည်းကောင်း၊ မကောင်းမှုမှ ထိတ်လန့်ခြင်း သြတ္တပ္ပလည်းကောင်း တို့တည်း။ ရဟန်းတို့ ဖြူစင်ကုန်သော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်း— ဟု မိန့်တော်မူ၏။

အဋ္ဌမသုတ်