အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၉-စရိယသုတ်

၉။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို စောင့်ရှောက်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ မကောင်းမှုမှ ရှက်ခြင်း ‘ဟိရီ’၎င်း၊ မကောင်းမှုမှ ထိတ်လန့်ခြင်း ‘သြတ္တပ္ပ’၎င်းတို့တည်း။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို မစောင့်ရှောက်ကုန်ငြားအံ့ (ယင်းသို့ မစောင့်. .. သော်) ဤလောက၌ ‘အမိ’ဟူ၍၎င်း, ‘မိကြီး မိထွေး’ဟူ၍၎င်း, ‘ဦးရီး၏မယား’ဟူ၍၎င်း, ‘ဆရာ၏မယား’ဟူ၍၎င်း, ‘ရိုသေလေးစားအပ်သူတို့၏ မယား’ဟူ၍၎င်း မထင်းရှား မသိသာကုန်ရာ။ (ယင်းသို့ မထင် . . .သော်) လောကသည် ဆိတ်များ သိုးများကဲ့သို့ ၎င်း, ကြက်ဝက်တို့ကဲ့သို့၎င်း, အိမ်ခွေး တောခွေးတို့ကဲ့သို့၎င်း, ရောယှက်ခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်သောကြောင့် ‘အမိ’ဟူ၍၎င်း, ‘မိကြီး မိထွေး’ဟူ၍၎င်း, ‘ဦးရီး၏မယား’ဟူ၍၎င်း, ‘ဆရာ၏မယား’ဟူ၍၎င်း, ‘ရိုသေလေးစားအပ်သူတို့၏ မယား’ဟူ၍၎င်း ထင်းရှား သိသာကုန်၏—ဟု (မိန့်တော်မူ၏)။

နဝမသုတ်