အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ယောဓာဇီဝဝဂ်
၆-သမ္ပဒါသုတ်
၁၃၉။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သဒ္ဓါ၏ ပြည့်စုံခြင်း၊ သီလ၏ ပြည့်စုံခြင်း၊ ပညာ၏ ပြည့်စုံခြင်းတို့တည်း။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤ့သုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။