အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ယောဓာဇီဝဝဂ်
၇-ဝုဒ္ဓိသုတ်
၁၄ဝ။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သဒ္ဓါ၏ ကြီးပွါးခြင်း၊ သီလ၏ ကြီးပွါးခြင်း၊ ပညာ၏ ကြီးပွါးခြင်းတို့တည်း။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။