အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ယောဓာဇီဝဝဂ်
၁၂-ဒုတိယ မောရနိဝါပသုတ်
၁၄၅။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် စင်စစ် ပြီးဆုံးခြင်းရှိ၏၊ စင်စစ် ယောဂ လေးပါးဖြင့် ဘေးမရှိ၊ စင်စစ် မြတ်သော အကျင့်ကို ကျင့်သုံး၏၊ စင်စစ် အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— တန်ခိုး ပြာဋိဟာ ‘ဣဒ္ဓိပါဋိဟာရိယ’၊ အတပ်ဟောခြင်း ပြာဋိဟာ ‘အာဒေသနာပါဋိဟာ ရိယ’၊ ဆုံးမခြင်း ပြာဋိဟာ ‘အနုသာသနီပါဋိဟာရိယ’တို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် စင်စစ် ပြီးဆုံးခြင်းရှိ၏၊ စင်စစ် ယောဂလေးပါး ဖြင့် ဘေးမရှိ၊ စင်စစ် မြတ်သော အကျင့်ကို ကျင့်သုံး၏၊ စင်စစ် အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။