အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၁၃-တတိယ မောရနိဝါပသုတ်

၁၄၆။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် စင်စစ် ပြီးဆုံးခြင်းရှိ၏၊ စင်စစ် ယောဂလေးပါးဖြင့် ဘေးမရှိ၊ စင်စစ် မြတ်သော အကျင့်ကို ကျင့်သုံး၏၊ စင်စစ် အဆုံးရှိ၏၊ နတ်လူတို့ ထက် မြတ်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— မှန်ကန်သော အယူ (ဝိပဿနာဉာဏ်)၊ မှန်ကန်သော အသိ (အရဟတ္တမဂ်ဉာဏ်)၊ မှန်ကန်သော လွတ်မြောက်ခြင်း (အရဟတ္တဖိုလ်)တို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် စင်စစ် ပြီးဆုံးခြင်းရှိ၏၊ စင်စစ် ယောဂလေးပါးဖြင့် ဘေးမရှိ၊ စင်စစ် မြတ်သော အကျင့်ကို ကျင့်သုံး၏၊ စင်စစ် အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏ဟု (မိန့်တော်မူ၏)။

တေရသမသုတ်။

လေးခုမြောက် ယောဓာဇီဝဝဂ် ပြီး၏။