အင်္ဂုတ္တရနိကာယ်
၅-စူဠဝဂ်
၁-သမ္မုခီဘာဝသုတ်
၄၁။ ရဟန်းတို့ တရားသုံးမျိုးတို့၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ သဒ္ဓါတရား၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ အလှူဝတ္ထု၏ မျက်မှောက် ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှု ကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ အလှူခံပုဂ္ဂိုလ်တို့၏ မျက်မှောက်ထင်ရှား ရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရား နှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ ဤတရား သုံးမျိုးတို့၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။