အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သေဉ္စတနိယဝဂ်

၆-အာယာစနသုတ်

၁၇၆။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော ရဟန်းသည် ကောင်းစွာ တောင့်တလိုမူ “(ငါသည်) သာရိပုတြာ မောဂ္ဂလာန်တို့၏ သဘောနှင့် တူမျှသော သဘောရှိသူ ဖြစ်ရလို၏”ဟု တောင့်တရာ၏။ ရဟန်းတို့ ငါ၏တပည့် ရဟန်းတို့တွင် သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် ချိန်သဖွယ် ဖြစ်ကုန်၏၊ နှိုင်းရှည့်ကြောင်း (ပမာဏ) ဖြစ်ကုန်၏။

ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ကောင်းစွာ တောင့်တလိုမူ “(ငါသည်) ခေမာဘိက္ခုနီနှင့် ဥပ္ပလဝဏ်ဘိက္ခုနီတို့၏ သဘောနှင့် တူမျှသော သဘောရှိသူ ဖြစ်ရလို၏”ဟု တောင့်တ ရာ၏။ ရဟန်းတို့ ငါ၏တပည့်မ ရဟန်းမိန်းမတို့တွင် ခေမာဘိက္ခုနီနှင့် ဥပ္ပလဝဏ်ဘိက္ခုနီတို့သည် ချိန်သဖွယ် ဖြစ်ကုန်၏၊ နှိုင်းရှည့်ကြောင်း (ပမာဏ) ဖြစ်ကုန်၏။

ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသကာသည် ကောင်းစွာ တောင့်တလိုမှု “(ငါသည်) စိတ္တသူကြွယ်နှင့် ဟတ္တက အာဠဝကမင်းသားတို့၏ သဘောနှင့်တူမျှသော သဘောရှိသူ ဖြစ်ရလို၏”ဟု တောင့်တရာ၏။ ရဟန်းတို့ ငါ၏တပည့် ဥပါသကာတို့တွင် စိတ္တသူကြွယ်နှင့် ဟတ္တက အာဠဝကမင်းသား တို့သည် ချိန်သဖွယ် ဖြစ်ကုန်၏၊ နှိုင်းရှည့်ကြောင်း (ပမာဏ) ဖြစ်ကုန်၏။

ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသိကာမသည် ကောင်းစွာ တောင့်တလိုမူ “(ငါသည်)့ခုဇ္ဇုတ္တရာ ဥပါသိကာမနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒမာတာတို့၏ သဘောနှင့်တူမျှသော သဘောရှိသူ ဖြစ်ရ လို၏”ဟု တောင့်တရာ၏။ ရဟန်းတို့ ငါ၏တပည့်မဖြစ်သော ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒမာတာတို့သည် ချိန်သဖွယ် ဖြစ်ကုန်၏၊ နှိုင်းရှည့်ကြောင်း (ပမာဏ) ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။