အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-မဟာဝဂ်

၁ဝ-ပေမသုတ်

၂ဝဝ။ ရဟန်းတို့ ဤချစ်မြတ်နိုးခြင်း လေးမျိုးတို့သည် ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ချစ်မြတ်နိုးခြင်း ‘ပေမ’ကြောင့် ချစ်မြတ်နိုးခြင်း ‘ပေမ’သည် ဖြစ်၏။ ချစ်မြတ်နိုးခြင်း ‘ပေမ’ကြောင့် အမျက်ထွက်ခြင်း ‘ဒေါသ’သည် ဖြစ်၏။ အမျက်ထွက်ခြင်း ‘ဒေါသ’ကြောင့် ချစ်မြတ်နိုးခြင်း ‘ပေမ’သည် ဖြစ်၏။ အမျက်ထွက်ခြင်း ‘ဒေါသ’ကြောင့် အမျက်ထွက်ခြင်း ‘ဒေါသ’သည် ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ချစ်မြတ်နိုးခြင်းကြောင့် ချစ်မြတ်နိုးခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ် (တစ်ယောက်)သည် ပုဂ္ဂိုလ် (တစ်ယောက်) ကို အလိုရှိအပ်၏၊ နှစ်သက်အပ်၏၊ မြတ်နိုး အပ်၏၊ ထို (ပုဂ္ဂိုလ်ချစ်နှစ်သက်အပ်) သူကို တစ်ပါးသူတို့သည် အလိုရှိအပ်သော နှစ်သက်အပ်သော မြတ်နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏၊ ထို ပုဂ္ဂိုလ်အား ဤသို့သော အကြံသည် ဖြစ်၏၊ “ငါသည် အကြင် ပုဂ္ဂိုလ်ကို အလိုရှိအပ်၏၊ နှစ်သက်အပ်၏၊ မြတ်နိုးအပ်၏၊ ထို ပုဂ္ဂိုလ်ကို တစ်ပါးသူတို့သည် အလိုရှိ အပ် နှစ်သက်အပ် မြတ်နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏”ဟု (အကြံသည် ဖြစ်၏)။ ထို (ချစ်နှစ် သက်သော) ပုဂ္ဂိုလ်သည် ထို ပြောဆိုသူတို့၌ ချစ်မြတ်နိုးခြင်းကို ဖြစ်စေ၏။ ရဟန်းတို့ ဤသို့လျှင် ချစ်မြတ်နိုးခြင်းကြောင့် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ချစ်မြတ်နိုးခြင်းကြောင့် အမျက်ထွက်ခြင်းဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ် (တစ်ယောက်)သည် ပုဂ္ဂိုလ် (တစ်ယာက်) ကို အလိုရှိအပ်၏၊ နှစ်သက်အပ်၏၊ မြတ်နိုး အပ်၏၊ ထို (ပုဂ္ဂိုလ်ချစ်နှစ်သက်အပ်) သူကို တစ်ပါးသူတို့သည် အလိုမရှိအပ်သော မနှစ်သက်အပ်သော မမြတ်နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏၊ ထို ပုဂ္ဂိုလ်အား ဤသို့သော အကြံသည် ဖြစ်၏၊ “ငါသည် အကြင် ပုဂ္ဂိုလ်ကို အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၏၊ ထို ပုဂ္ဂိုလ်ကို တစ်ပါးသူတို့သည် အလိုမရှိအပ် သော မနှစ်သက်အပ်သော မမြတ်နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏”ဟု (အကြံသည် ဖြစ်၏)။ ထို (ချစ်နှစ်သက်သော) ပုဂ္ဂိုလ်သည် ထို ပြောဆိုသူတို့၌ အမျက်ထွက်ခြင်းကို ဖြစ်စေ၏။ ရဟန်းတို့ ဤသို့ လျှင် ချစ်မြတ်နိုးခြင်းကြောင့် အမျက်ထွက်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် အမျက်ထွက်ခြင်းကြောင့် ချစ်မြတ်နိုးခြင်းဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ် (တစ်ယောက်)သည် ပုဂ္ဂိုလ် (တစ်ယာက်) ကို အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်၊ ထို (ပုဂ္ဂိုလ်မနှစ်သက်အပ်) သူကို တစ်ပါးသူတို့သည် အလိုမရှိအပ်သော မနှစ်သက်အပ်သော မမြတ် နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏၊ ထို ပုဂ္ဂိုလ်အား ဤသို့သော အကြံသည် ဖြစ်၏၊ “ငါသည် အကြင် ပုဂ္ဂိုလ်ကို အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်၊ ထို ပုဂ္ဂိုလ်ကို တစ်ပါးသူတို့သည် အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏”ဟု (အကြံသည် ဖြစ်၏)။

ထို (မနှစ်သက် သော) ပုဂ္ဂိုလ်သည် ထို ပြောဆိုသူတို့၌ ချစ်မြတ်နိုးခြင်းသည် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် အမျက် ထွက်ခြင်းကြောင့် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် အမျက်ထွက်ခြင်းကြောင့် အမျက်ထွက်ခြင်းသည် ဖြစ်သနည်း။ ရဟန်း တို့ ဤလောက၌ ပုဂ္ဂိုလ် (တစ်ယောက်)သည် ပုဂ္ဂိုလ် (တစ်ယာက်) ကို အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်၊ ထို (ပုဂ္ဂိုလ် မနှစ်သက်အပ်) သူကို တစ်ပါးသူတို့သည် အလိုရှိအပ်သော နှစ်သက်အပ်သော မြတ်နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏၊ ထို ပုဂ္ဂိုလ်အား ဤသို့သော အကြံသည် ဖြစ်၏၊ “ငါသည် အကြင် ပုဂ္ဂိုလ်ကို အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်၊ ထို ပုဂ္ဂိုလ်ကို တစ်ပါးသူတို့သည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သောစကားဖြင့် ပြောဆိုကုန်၏”ဟု (အကြံသည် ဖြစ်၏)။ ထို (မနှစ်သက်သော) ပုဂ္ဂိုလ်သည် ထို ပြောဆိုသူတို့၌ အမျက်ထွက်ခြင်းကို ဖြစ်စေ၏။ ရဟန်းတို့ ဤသို့လျှင် အမျက်ထွက်ခြင်းကြောင့် အမျက်ထွက်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ဤချစ်မြတ်နိုးခြင်းလေးမျိုးတို့သည် ဖြစ်ကုန်၏။

ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍့နေ၏။ ထိုပုဂ္ဂိုလ်အား ချစ်မြတ်နိုးခြင်းကြောင့် အကြင် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏၊ ထို ချစ်မြတ်နိုးခြင်းသည်လည်း ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်၊ ထို ပုဂ္ဂိုလ်အား ချစ်မြတ်နိုးခြင်းကြောင့် အကြင် အမျက် ထွက်ခြင်းသည် ဖြစ်၏၊ ထို အမျက်ထွက်ခြင်းသည်လည်း ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်၊ ထို ပုဂ္ဂိုလ်အား အမျက်ထွက်ခြင်းကြောင့် အကြင် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏၊ ထို ချစ်မြတ်နိုးခြင်းသည်လည်း ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်၊ ထို ပုဂ္ဂိုလ်အား အမျက်ထွက်ခြင်းကြောင့် အကြင် အမျက်ထွက်ခြင်းသည် ဖြစ်၏၊ ထို အမျက် ထွက်ခြင်းသည်လည်း ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်။

ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ပ။ ထိုပုဂ္ဂိုလ်အား ချစ်မြတ်နိုးခြင်းကြောင့် အကြင် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏၊ ထို ချစ်မြတ်နိုးခြင်းသည် ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်၊ ထို ပုဂ္ဂိုလ်အား ချစ်မြတ်နိုးခြင်းကြောင့် အကြင် အမျက်ထွက်ခြင်းသည် ဖြစ်၏၊ ထို အမျက်ထွက်ခြင်းသည်လည်း ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်။ ထိုပုဂ္ဂိုလ်အား အမျက်ထွက်ခြင်းကြောင့် အကြင် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏၊ ထို ချစ်မြတ်နိုးခြင်းသည်လည်း ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်၊ ထို ပုဂ္ဂိုလ်အား အမျက်ထွက်ခြင်းကြောင့် အကြင် အမျက်ထွက်ခြင်းသည် ဖြစ်၏၊ ထို အမျက်ထွက်ခြင်းသည်လည်း ထို ပုဂ္ဂိုလ်အား ထိုအခါ၌ မဖြစ်။

ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ချစ်မြတ်နိုးခြင်းကြောင့် အကြင် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်သည် ထို ချစ်မြတ်နိုးခြင်းကိုလည်း ပယ်အပ်၏၊ အမြစ်ရင်းကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန်မဖြစ်ခြင်းကို ပြုအပ်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိ၏။ ထို ပုဂ္ဂိုလ်အား ချစ်မြတ်နိုးခြင်းကြောင့် အကြင် အမျက် ထွက်ခြင်းသည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်သည် ထို အမျက်ထွက်ခြင်းကိုလည်း ပယ်အပ်၏၊ အမြစ်ရင်းကို ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိ၏။ ထို ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်းကြောင့် အကြင် ချစ်မြတ်နိုးခြင်းသည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်အား ထို ချစ်မြတ်နိုးခြင်းကိုလည်း ပယ်အပ်၏၊ အမြစ်ရင်းကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်၏၊ နောင်အခါ၌ မဖြစ်ခြင်းသဘော ရှိ၏။ ထို ပုဂ္ဂိုလ်အား အမျက်ထွက်ခြင်းကြောင့် အကြင် အမျက်ထွက်ခြင်းသည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်အား ထို အမျက် ထွက်ခြင်းကိုလည်း ပယ်အပ်၏၊ အမြစ်ရင်းကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိ၏။ ရဟန်းတို့ ဤရဟန်းကို (ဒိဋ္ဌိ၏ အစွမ်းအားဖြင့်) မိမိကိုယ်ကို မချီးမြှောက်သော ရဟန်းဟူ၍, ဆန့်ကျင်သဖြင့် မိမိကိုယ်ကို မချီးမြှောက် သော ရဟန်းဟူ၍, (တဏှာဝိစရိုက်၏ အစွမ်းဖြင့်) အခိုးမလွှတ်သော ရဟန်းဟူ၍, အလျှံမလွှတ်သော ရဟန်းဟူ၍, (ငါဟူသော မာန၏ အစွမ်းအားဖြင့်) မကြံနိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ဒိဋ္ဌိအစွမ်းဖြင့်) မိမိကိုယ်ကို ချီးမြှောက်သနည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို အတ္တအားဖြင့် အဖန်ဖန် ရှု၏၊ ရုပ်ရှိသော အတ္တကိုလည်း အဖန်ဖန် ရှု၏၊ အတ္တ၌ ရုပ်ကိုလည်း အဖန်ဖန် ရှု၏။ ရုပ်၌ အတ္တကိုလည်း အဖန်ဖန် ရှု၏၊ ဝေဒနာကို အတ္တအားဖြင့် အဖန်ဖန် ရှု၏၊ ဝေဒနာရှိသော အတ္တကိုလည်း အဖန်ဖန် ရှု၏၊ အတ္တ၌ ဝေဒနာကိုလည်း အဖန်ဖန် ရှု၏၊ ဝေဒနာ၌ အတ္တကိုလည်း အဖန်ဖန် ရှု၏၊ သညာကို အတ္တအားဖြင့် အဖန်ဖန် ရှု၏၊ သညာရှိသော အတ္တကိုလည်း အဖန်ဖန် ရှု၏၊ အတ္တ၌ သညာကိုလည်း အဖန်ဖန် ရှု၏၊ သညာ၌ အတ္တကိုလည်း အဖန်ဖန် ရှု၏။ သင်္ခါရတို့ကို အတ္တအားဖြင့် အဖန်ဖန် ရှု၏၊ သင်္ခါရရှိသော အတ္တကိုလည်း အဖန်ဖန် ရှု၏။ အတ္တ၌ သင်္ခါရတို့ကိုလည်း အဖန်ဖန် ရှု၏၊ သင်္ခါရတို့၌ အတ္တကိုလည်း အဖန်ဖန် ရှု၏။ ဝိညာဏ်ကို အတ္တအားဖြင့် အဖန်ဖန် ရှု၏၊ ဝိညာဏ်ရှိသော အတ္တကိုလည်း အဖန်ဖန် ရှု၏၊ အတ္တ၌ ဝိညာဏ်ကိုလည်း အဖန်ဖန် ရှု၏၊ ဝိညာဏ်၌ အတ္တကိုလည်း အဖန်ဖန် ရှု၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ဒိဋ္ဌိ၏အစွမ်းဖြင့်) မိမိကိုယ်ကို ချီးမြှောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိမိကိုယ်ကို မချီးမြှောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို အတ္တအားဖြင့် အဖန်ဖန် မရှု၊ ရုပ်ရှိသော အတ္တကိုလည်း အဖန်ဖန် မရှု၊ အတ္တ၌ ရုပ်ကိုလည်း အဖန်ဖန် မရှု၊ ရုပ်၌ အတ္တကိုလည်း အဖန်ဖန် မရှု။ ဝေဒနာကို အတ္တအားဖြင့် အဖန်ဖန် မရှု၊ ဝေဒနာရှိသော အတ္တကိုလည်း အဖန်ဖန် မရှု၊ အတ္တ၌ ဝေဒနာကိုလည်း အဖန်ဖန် မရှု၊ ဝေဒနာ၌ အတ္တကိုလည်း အဖန်ဖန် မရှု။ သညာကို အတ္တအားဖြင့် အဖန်ဖန် မရှု၊ သညာရှိသော အတ္တကိုလည်း အဖန်ဖန် မရှု။ အတ္တ၌ သညာကိုလည်း အဖန်ဖန် မရှု၊ သညာ၌ အတ္တကိုလည်း အဖန်ဖန် မရှု။ သင်္ခါရတို့ကို အတ္တအားဖြင့် အဖန်ဖန် မရှု၊ သင်္ခါရရှိသော အတ္တကိုလည်း အဖန်ဖန် မရှု။ အတ္တ၌ သင်္ခါရတို့ကိုလည်း အဖန်ဖန် မရှု၊ သင်္ခါရတို့၌ အတ္တကိုလည်း အဖန်ဖန် မရှု။ ဝိညာဏ်ကို အတ္တအားဖြင့် အဖန်ဖန် မရှု၊ ဝိညာဏ်ရှိသော အတ္တကိုလည်း အဖန်ဖန် မရှု၊ အတ္တ၌ ဝိညာဏ်ကိုလည်း အဖန်ဖန် မရှု၊ ဝိညာဏ်၌ အတ္တကိုလည်း အဖန်ဖန် မရှု။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ဒိဋ္ဌိအစွမ်းဖြင့်) မိမိ ကိုယ်ကို မချီးမြှောက်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆန့်ကျင်သဖြင့် မိမိကိုယ်ကို ချီးမြှောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆဲရေးသူကို ပြန်၍ ဆဲရေး၏၊ ခြုတ်ခြယ်သူကို ပြန်၍ ခြုတ်ခြယ်၏၊ ပုတ်ခတ်သူကို ပြန်၍ ပုတ်ခတ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆန့်ကျင်သဖြင့် မိမိကိုယ်ကို ချီးမြှောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆန့်ကျင်သဖြင့် မိမိကိုယ်ကို မချီးမြှောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆဲရေးသူကို ပြန်၍ မဆဲရေး၊ ခြုတ်ခြယ်သူကို ပြန်၍ မချုပ်ချယ်၊ ပုတ်ခတ်သူကို ပြန်၍ မပုတ်ခတ်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆန့်ကျင်သဖြင့် မိမိကိုယ်ကို မချီးမြှောက်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (တဏှာဝိစရိုက်၏ အစွမ်းအားဖြင့်) အခိုးလွှတ်သနည်း။ ရဟန်းတို့ “ငါသည် ဖြစ်၏”ဟု စွဲယူ၏၊ “ငါသည် ဤသို့သော အခြင်းအရာ အားဖြင့် ဖြစ်၏”ဟု စွဲယူ၏၊ “ငါသည် ဤသူတို့နှင့် တူ၏”ဟု စွဲယူ၏။ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏၊ “ငါသည် အမြဲတည်၏”ဟု စွဲယူ၏၊ “ငါသည် အမြဲမတည်”ဟု စွဲယူ၏။ “ငါသည် ဖြစ်လေသလော”ဟု စွဲယူ၏၊ “ငါသည် ဤသို့သော အခြင်းအရာရှိသည်ဖြစ်လေသလော”ဟု စွဲယူ၏၊ “ငါသည် ဤသူတို့နှင့် တူလေသလော”ဟု စွဲယူ၏၊ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ သလော”ဟု စွဲယူ၏၊ “ငါသည် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊ “ငါသည် ဤသို့သော အခြင်း အရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊ “ငါသည် ဤသူတို့နှင့် တူပါမူကား ကောင်း လေစွ”ဟု စွဲယူ၏၊ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊ “ငါသည် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊ “ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊ “ငါသည် ဤသူတို့နှင့် တူသည်ဖြစ်လတ္တံ့”ဟု စွဲယူ၏၊ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တဏှာဝိစရိုက်အားဖြင့်) အခိုးလွှတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (တဏှာဝိစရိုက်၏ အစွမ်းအားဖြင့်) အခိုးမလွှတ်သနည်း။ ရဟန်းတို့ “ငါသည် ဖြစ်၏”ဟု မစွဲယူ၊ “ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု မစွဲယူ၊ ့“ငါသည် ဤသူတို့နှင့် တူ၏”ဟု မစွဲယူ၊ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု မစွဲယူ၊ “ငါသည် အမြဲတည်၏”ဟု မစွဲယူ၊ “ငါသည် အမြဲမတည်”ဟု မစွဲယူ၊ “ငါသည် ဖြစ်လေ သလော”ဟု မစွဲယူ၊ “ငါသည် ဤသို့သော အခြင်းအရာရှိသည် ဖြစ်လေသလော”ဟု မစွဲယူ၊ “ငါသည် ဤသူတို့နှင့် တူလေသလော”ဟု မစွဲယူ၊ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ သလော”ဟု မစွဲယူ၊ “ငါသည် ဖြစ်ပါမူကား ကောင်းလေစွ”ဟု မစွဲယူ၊ “ငါသည် ဤသို့သော အခြင်း အရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု မစွဲယူ၊ “ငါသည် ဤသူတို့နှင့် တူပါမူကား ကောင်း လေစွ”ဟု မစွဲယူ၊ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု မစွဲယူ၊ “ငါသည် ဖြစ်လတ္တံ့”ဟု မစွဲယူ၊ “ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု မစွဲယူ၊ “ငါသည် ဤသူတို့နှင့်တူသည် ဖြစ်လတ္တံ့”ဟု မစွဲယူ၊ “ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု မစွဲယူ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တဏှာဝိစရိုက်၏ အစွမ်းအားဖြင့်) အခိုးမလွှတ်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (အပသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးကို စွဲ၍ တဏှာ ဝိစရိုက်အစွမ်းအားဖြင့်) အလျှံလွှတ်သနည်း။ ရဟန်းတို့ “ငါသည် ဤခန္ဓာဖြင့် ဖြစ်၏”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူ၏”ဟု စွဲယူ၏။ “ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် အမြဲတည်၏”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် အမြဲမတည်”ဟု စွဲယူ၏။ “ငါသည် ဤခန္ဓာဖြင့် ဖြစ်လေသလော”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာ ရှိသည် ဖြစ်လေသလော”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူလေသလော”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေသလော”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာ ရှိပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာရှိသည် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူလတ္တံ့”ဟု စွဲယူ၏၊ “ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (အပသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးကိုစွဲ၍ တဏှာဝိစရိုက်၏ အစွမ်းအားဖြင့်) အလျှံလွှတ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (အပသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးကိုစွဲ၍ တဏှာ ဝိစရိုက်၏ အစွမ်းအားဖြင့်) အလျှံ မလွှတ်သနည်း။ “ငါသည် ဤခန္ဓာဖြင့် ဖြစ်၏”ဟု မစွဲယူ။ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု မစွဲယူ။ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူ၏”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် အမြဲတည်၏”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် အမြဲမတည်”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဖြစ်လေသလော”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာရှိသည် ဖြစ်လေ သလော”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူလေသလော”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာ ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေသလော”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာရှိပါမူကား ကောင်းလေစွ”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူပါမူကား ကောင်းလေစွ”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာ ဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား့ကောင်းလေ စွ”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဖြစ်လတ္တံ့”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာရှိသည် ဖြစ်လတ္တံ့”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူလတ္တံ့”ဟု မစွဲယူ၊ “ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်း အရာအားဖြင့် ဖြစ်လတ္တံ့”ဟု မစွဲယူ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (အပ၌ ဖြစ်သော ခန္ဓာ ငါးပါးကိုစွဲ၍ တဏှာဝိစရိုက်၏ အစွမ်းအားဖြင့်) အလျှံ မလွှတ်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ငါဟူသော မာန၏ အစွမ်းအားဖြင့်) ကြံမှိုင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ငါဟူသော မာနကို ပယ်အပ်ပြီး မဟုတ်၊ အမြစ်ရင်းကို ဖြတ်အပ်ပြီး မဟုတ်၊ နုတ်အပ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး မဟုတ်၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီး မဟုတ်၊ နောင်အခါ၌ မဖြစ်ခြင်းသဘောရှိသည် မဟုတ်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ငါဟူသော မာန၏ အစွမ်းအားဖြင့်) ကြံမှိုင်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ငါဟူသော မာန၏ အစွမ်းအားဖြင့်) မကြံမှိုင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ငါဟူသော မာနကို ပယ်အပ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို ဖြတ် အပ်ပြီး ဖြစ်၏၊ နုတ်အပ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး ဖြစ်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီး ဖြစ်၏၊ နောင်အခါ၌ မဖြစ်ခြင်းသဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ငါဟူသော မာန၏ အစွမ်းအားဖြင့်) မကြံမှိုင်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် မဟာဝဂ် ပြီး၏။

စတုတ္ထ သုတ်ငါးဆယ် ပြီး၏။