အင်္ဂုတ္တရနိကာယ်

(၂၁) ၁-သပ္ပုရိသဝဂ်

၇-ပဌမ ပါပဓမ္မသုတ်

၂ဝ၇။ ရဟန်းတို့ သူယုတ်ကိုလည်းကောင်း၊ သူယုတ်အောက် သူယုတ်ကိုလည်းကောင်း၊ သူတော် ကောင်းကိုလည်းကောင်း၊ သူတော်ကောင်းထက် သူတော်ကောင်းကိုလည်းကောင်း သင်တို့အား ဟောကြား ပေအံ့၊ ထို (တရား)ကို နာကြကုန်လော့။ပ။

ရဟန်းတို့ သူယုတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသောအယူ ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ်ဟု ဆိုအပ်၏။

ရဟန်းတို့ သူယုတ်အောက် သူယုတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း သူ့အသက်ကို သတ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်ကို သတ်ခြင်း၌ ဆောက် တည်စေ၏။ပ။ မိမိလည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည် စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်အောက် သူယုတ်ဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သော အယူရှိ၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်းဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းထက် သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ပ။ မိမိလည်း မှန်သော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အယူ၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူကောင်းထက် သူကောင်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။