အင်္ဂုတ္တရနိကာယ်

(၂၅) ၅-အာပတ္တိ ဘယဝဂ်

၆-ပညာဝုဒ္ဓိသုတ်

၂၄၈။ ရဟန်းတို့ ဤတရားလေးမျိုးတို့သည် ပညာတိုးပွါးရန် ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း၊ သူတော်ကောင်းတရားကို ကြားနာခြင်း၊ အသင့် အားဖြင့် နှလုံးသွင်းခြင်း၊ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းတို့တည်း။ ရဟန်းတို့ ဤတရား လေးမျိုးတို့သည် ပညာတိုးပွါးရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။