အင်္ဂုတ္တရနိကာယ်

(၂၅) ၅-အာပတ္တိ ဘယဝဂ်

၁ဝ-တတိယ ဝေါဟာရသုတ်

၂၅၂။ ရဟန်းတို့ အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— မြင်သည်၌ မမြင်ဟု ပြောဆိုခြင်း၊ ကြားသည်၌ မကြားဟု ပြောဆိုခြင်း၊ တွေ့သည် ၌ မတွေ့ဟု ပြောဆိုခြင်း၊ သိသည်၌ မသိဟု ပြောဆိုခြင်းတို့တည်း။ ရဟန်းတို့ အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။