အင်္ဂုတ္တရနိကာယ်

(၈) ၃-အပဏ္ဏကဝဂ်

၁-ပဓာနသုတ်

၇၁။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်ယွင်းသော အကျင့်ကို ကျင့်သည်မည်၏၊ ထိုရဟန်းအား အာသဝေါတရားတို့ကို ကုန်ရန်အကြောင်းသည်လည်း ပြည့်စုံ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ အကြားအမြင် များ၏၊ ထက်သန်သော လုံ့လရှိ၏၊ ပညာရှိ၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်ယွင်းသော အကျင့်ကို ကျင့်သည် မည်၏၊ ထိုရဟန်းအား အာသဝေါတရားတို့ကုန်ရန် အကြောင်းသည်လည်း ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။