အင်္ဂုတ္တရနိကာယ်

၂-ဗလဝဂ်

၃-သံခိတ္တသုတ်

၁၃။ ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ အား။

အားထုတ်မှု ‘ဝီရိယ’ အား။

အောက်မေ့မှု ‘သတိ’ အား။

တည်ကြည်မှု ‘သမာဓိ’ အား။

သိမှု ‘ပညာ’ အား တို့တည်း။

ရဟန်းတို့ ဤသည်တို့ကား အားငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။