အင်္ဂုတ္တရနိကာယ်

(၁၈) ၃-ဥပါသကဝဂ်

၇-ဝဏိဇ္ဇာသုတ်

၁၇၇။ ရဟန်းတို့ ဥပါသကာသည် ဤကုန်သွယ် ရောင်းဝယ်မှုငါးမျိုးတို့ကို မပြုအပ်ကုန်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

လက်နက်ကုန်သွယ် ရောင်းဝယ်ခြင်း။

လူသတ္တဝါကိုကုန်သွယ် ရောင်းဝယ်ခြင်း။

အသားကိုကုန်သွယ် ရောင်းဝယ်ခြင်း။

သေအရက်ကိုကုန်သွယ် ရောင်းဝယ်ခြင်း။

အဆိပ်ကိုကုန်သွယ် ရောင်းဝယ်ခြင်း။

ရဟန်းတို့ ဥပါသကာသည် ဤကုန်သွယ် ရောင်းဝယ်မှုငါးမျိုးတို့ကို မပြုအပ်ကုန်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။