အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၂-ဓမ္မဿဝနသုတ်
၂ဝ၂။ ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
မကြားဖူးသည်ကို ကြားနာရ၏။
ကြားဖူးသည်ကို ဖြူစင်စေ၏။
ယုံမှားမှုကို ကူးမြောက်နိုင်၏။
အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။
ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤ ငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။