အင်္ဂုတ္တရနိကာယ်

(၂၃) ၃-ဒီဃစာရိကဝဂ်

၅-ပဌမ ကုလူပကသုတ်

၂၂၅။ ရဟန်းတို့ အိမ်သို့ ကပ်တတ်သော ရဟန်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မပန်ကြားဘဲ သွားလာခြင်းကြောင့် (ပါစိတ်) အာပတ် သင့်၏။

ဆိတ်ကွယ်ရာ၌ (မာတုဂါမနှင့်အတူ) ထိုင်နေခြင်းကြောင့် (ပါစိတ်) အာပတ်သင့်၏။

ဖုံးလွှမ်းသော နေရာ၌ (မာတုဂါမနှင့်အတူ) နေခြင်းကြောင့် (ပါစိတ်) အာပတ်သင့်၏။

မာတုဂါမအား ငါးပုဒ် ခြောက်ပုဒ်ထက်အလွန် တရားဟောခြင်းကြောင့် (ပါစိတ်) အာပတ် သင့်၏။

ကာမဂုဏ်ကို ကြံစည်ခြင်းများလျက် နေ၏။

ရဟန်းတို့ အိမ်သို့ ကပ်တတ်သော ရဟန်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။