အင်္ဂုတ္တရနိကာယ်
၃-ပဉ္စင်္ဂ ိကဝဂ်
၉-စင်္ကမသုတ်
၂၉။ ရဟန်းတို့ စင်္ကြံလျှောက်ခြင်း၌ အကျိုးအာနိသင်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ခရီးရှည် သွားနိုင်၏။
ကြိုးစားအားထုတ်နိုင်၏။
အနာရောဂါကင်း၏။
စား သောက် ခဲ လျက်အပ်သော အစာအာဟာရသည် ကောင်းစွာ ကြေကျက်နိုင်၏။
စင်္ကြံလျှောက်ခြင်းဖြင့် ရအပ်သော တည်ကြည်မှု (သမာဓိ) သည် ကြာမြင့်စွာ တည်တံ့နိုင်၏။
ရဟန်းတို့ ဤသည်တို့ကား စင်္ကြံလျှောက်ခြင်း၌ အကျိုးအာနိသင် ငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။