အင်္ဂုတ္တရနိကာယ်

၂၄-ရာဂပေယျာလ

၁၄ဝ။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် တရားခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

အမြတ်ဆုံး အမြင်၊ အမြတ်ဆုံး အကြား၊ အမြတ်ဆုံး လာဘ်၊ အမြတ်ဆုံး သိက္ခာ၊ အမြတ်ဆုံးလုပ်ကျွေးမှု၊ အမြတ်ဆုံး အောက်မေ့မှုတို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၁၄၁။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် တရားခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ဘုရားဂုဏ်ကို အောက်မေ့မှု ‘ဗုဒ္ဓါနုဿတိ’၊ တရားဂုဏ်ကို အောက်မေ့မှု ‘ဓမ္မာနုဿတိ’၊ သံဃာ ဂုဏ်ကိုအောက်မေ့မှု ‘သံဃာနုဿတိ’၊ သီလဂုဏ်ကို အောက်မေ့မှု ‘သီလာနုဿတိ’၊ စွန့်ကြဲခြင်း၏ဂုဏ်ကိုအောက်မေ့မှု ‘စာဂါနုဿတိ’၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သီလစသော ဂုဏ်ကို အောက်မေ့မှု ‘ဒေဝတာနုဿတိ’ တို့ တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂)

၁၄၂။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် တရားခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

မမြဲခြင်း၌ ဖြစ်သော မှတ်သားမှု ‘အနိစ္စသညာ’၊ မမြဲခြင်း၌ ဆင်းရဲဟု ဖြစ်သော မှတ်သားမှု ‘အနိစ္စေဒုက္ခသညာ’၊ ဆင်းရဲခြင်း၌ အစိုးမရဟု ဖြစ်သော မှတ်သားမှု ‘ဒုက္ခေ အနတ္တသညာ’၊ ပယ်ခြင်း၌ ဖြစ်သော မှတ်သားမှု ‘ပဟာနသညာ’၊ တပ်ခြင်း ကင်းခြင်း၌ ဖြစ်သော မှတ်သားမှု ‘ဝိရာဂသညာ’၊ ချုပ်ခြင်း၌ ဖြစ်သော မှတ်သားမှု ‘နိရောဓသညာ’ တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၃)

၁၄၃—၁၆၉။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ပိုင်းခြား၍ သိရန်။ပ။ ထက်ဝန်းကျင်ကုန်စေရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ တပ်ခြင်း ကင်းရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်ရန် တရား ခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၄—၃ဝ)

၁၇ဝ—၆၄၉။ အမျက်ထွက်မှု ‘ဒေါသ’။ပ။ တွေဝေမှု ‘မောဟ’။ပ။ စိတ်ဆိုးမှု ‘ကောဓ’။ပ။ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’။ပ။ သူ့ကျေးဇူးချေဖျက်မှု ‘မက္ခ’။ပ။ အပြိုင်ပြုမှု ‘ပဠာသ’။ပ။ ငြူစူမှု ‘ဣဿာ’။ပ။ ဝန်တိုမှု’မစ္ဆရိယ’။ပ။ လှည့်ပတ်မှု ‘မာယာ’။ပ။ စဉ်းလဲမှု ‘သာဌေယျ’။ပ။ ခက်ထန်မှု ‘ထမ္ဘ’။ပ။ ခြုတ်ခြယ်မှု ‘သာရ မ္ဘ’။ပ။ ထောင်လွှားမှု ‘မာန’။ပ။ အလွန်ထောင်လွှားမှု ‘အတိမာန’။ပ။ ယစ်မှု ‘မဒ’။ပ။ မေ့လျော့မှု ‘ပမာဒ’ ကို ထူးသောဉာဏ်ဖြင့် သိရန်။ပ။ ပိုင်းခြား၍ သိရန်။ပ။ ထက်ဝန်းကျင် ကုန်စေရန်။ပ။ ပယ်ရန်။ပ။ကုန်ခန်းရန်။ပ။ တပ်ခြင်းကင်းရန်။ပ။ ချုပ်ရန်။ပ။ စွန့်ရန်။ပ။ တစ်ဖန် စွန့်ရန်။ပ။ ဤတရားခြောက်မျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေကုန်သတည်း။ (၃၁—၅၁ဝ)

ရာဂပေယျာလ ပြီး၏။

ဆက္ကနိပါတ် ပြီး၏။