အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၅-ဝိဇ္ဇာဘာဂိယသုတ်
၃၅။ ရဟန်းတို့ အသိဉာဏ် ‘ဝိဇ္ဇာ’ ၏ အဖို့၌ ဖြစ်ကုန်သော တရားတို့သည် ဤခြောက်မျိုးတို့ တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
အနိစ္စသညာ၊ အနိစ္စ၌ ဒုက္ခဟုမှတ်ထင်မှု သညာ၊ ဒုက္ခ၌ အနတ္တဟု မှတ်ထင်မှု သညာ၊ ပဟာနသညာ၊ ဝိရာဂသညာ၊ နိရောဓသညာတို့တည်း။
ရဟန်းတို့ အသိဉာဏ် ‘ဝိဇ္ဇာ’ ၏ အဖို့၌ ဖြစ်ကုန်သော တရားတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။