အင်္ဂုတ္တရနိကာယ်
၇-ဒေဝတာဝဂ်
၂-အရဟတ္တသုတ်
၆၆။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
စိတ်၏ ထိုင်းမှိုင်းမှု၊စေတသိက်တို့၏ လေးလံမှု၊ ပျံ့လွင့်မှု၊ နောင်တပူပန်မှု၊ ယုံကြည်ခြင်း ‘သဒ္ဓါ’မရှိမှု၊ မေ့လျော့မှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်သဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
စိတ်၏ ထိုင်းမှိုင်းမှု၊စေတသိက်တို့၏ လေးလံမှု၊ ပျံ့လွင့်မှု၊ နောင်တပူပန်မှု၊ ယုံကြည်ခြင်း ‘သဒ္ဓါ’ မရှိမှု၊ မေ့လျော့မှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်သဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။