အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၇-သညာသုတ်

၂၇။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်း’အပရိဟာနိယ’ တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ—

ရဟန်းတို့ ရဟန်းတို့သည် မမြဲဟု မှတ်သားမှု ‘အနိစ္စသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် အတ္တမဟုတ်ဟု မှတ်သားမှု ‘အနတ္တသညာ’ ကို ပွါးများနေကြသမျှကာလပတ်လုံး။ပ။

မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

အပြစ်ကို မှတ်သားမှု ‘အာဒီနဝသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

ပယ်ရန် မှတ်သားမှု ‘ပဟာနသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

တပ်မက်မှု ကင်းရန် မှတ်သားမှု ‘ဝိရာဂသညာ’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

ရဟန်းတို့ ရဟန်းတို့သည် ချုပ်မှုကို မှတ်သားမှု ‘နိရောဓသညာ’ ကို ပွါးများနေကြသမျှ ကာလ ပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။