အင်္ဂုတ္တရနိကာယ်
၅-မဟာယညဝဂ်
၃-ပဌမ အဂ္ဂိသုတ်
၄၆။ ရဟန်းတို့ မီးတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ အပူဇော်ခံ ‘အမိအဖ’ မီး၊ အိမ်ရှင်မီး၊ အလှူခံ ‘ရဟန်း’ မီး၊ ထင်းမီးတို့တည်း။
ရဟန်းတို့ မီးတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။