အင်္ဂုတ္တရနိကာယ်

၈-ဝိနယဝဂ်

၃-တတိယ ဝိနယဓရသုတ်

၇၇။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဝိနည်းဓိုရ်ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

အာပတ်ကို သိ၏၊ အာပတ်မဟုတ်သည်ကို သိ၏၊ လဟုကအာပတ်ကို သိ၏၊ ဂရုကအာပတ်ကို သိ၏၊ ဝိနည်း၌ (လဇ္ဇီအဖြစ်ဖြင့်) တည်၏၊ ပြောင်းရွှေ့မှု မရှိ၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သောမျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်းဘဲ ရ၏၊ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင်ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခုနစ် မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဝိနည်းဓိုရ် ရဟန်းဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။