အင်္ဂုတ္တရနိကာယ်

၈-ဝိနယဝဂ်

၆-ဒုတိယ ဝိနယဓရသောဘနသုတ်

၈ဝ။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ်ရဟန်းသည် တင့်တယ်၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

အာပတ်ကို သိ၏၊ အာပတ်မဟုတ်သည်ကို သိ၏၊ လဟုကအာပတ်ကို သိ၏၊ ဂရုကအာပတ်ကို သိ၏၊ ထိုပုဂ္ဂိုလ်အား ပါတိမောက်နှစ်မျိုးတို့သည် အကျယ်အားဖြင့် နှုတ်၌ လာကုန်၏၊ ကောင်းစွာ ဝေဖန်အပ်ကုန်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိကုန်၏၊ ဝိဘင်း ခန္ဓကအားဖြင့် ကောင်းစွာ ဆုံးဖြတ်အပ်ကုန်၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏၊ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ်ရဟန်းသည် တင့်တယ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။