အင်္ဂုတ္တရနိကာယ်

၈-ဝိနယဝဂ်

၇-တတိယ ဝိနယဓရသောဘနသုတ်

၈၁။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ်ရဟန်းသည် တင့်တယ်၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

အာပတ်ကို သိ၏၊ အာပတ်မဟုတ်သည်ကို သိ၏၊ လဟုကအာပတ်ကို သိ၏၊ ဂရုကအာပတ်ကို သိ၏၊ ဝိနည်း၌ တည်၏၊ ပြောင်းရွှေ့ခြင်း မရှိ၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော။ပ။ မပင်မပန်းဘဲ ရ၏၊ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခုနစ် မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ်ရဟန်းသည် တင့်တယ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။