အင်္ဂုတ္တရနိကာယ်

၁ဝ-အာဟုနေယျဝဂ်

၉၅။ ရဟန်းတို့ ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန်ထိုက်တန်ကုန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန်ထိုက်တန်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်တန်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် စက္ခု၌ မမြဲဟု အဖန်ဖန်ရှုသည် မမြဲဟုအမှတ်ရှိသည် မမြဲဟု သိသည် ဖြစ်၍ အမြဲမပြတ် (စိတ်တစ်ပါးတို့နှင့်) မရောနှောဘဲ စိတ်ဖြင့် နှလုံးသွင်းလျက် ပညာဖြင့် သက်ဝင်၍ နေ၏။

ဤရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက် သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤသည်ကား (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်သောဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ပဌမပုဂ္ဂိုလ်ပေတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ‘စက္ခု’၌ မမြဲဟုအဖန်ဖန် ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု သိသည် ဖြစ်၍ အမြဲမပြတ် (စိတ်တစ်ပါးတို့နှင့်) မရောနှောဘဲ စိတ်ဖြင့် နှလုံးသွင်းလျက် ပညာဖြင့် သက်ဝင်၍ နေ၏။ ထိုပုဂ္ဂိုလ်အား အာသဝေါတရားကုန်ခြင်းသည်လည်းကောင်း၊ အသက်ကုန်ခြင်းသည်လည်းကောင်း မရှေးမနှောင်း ဖြစ်၏။

ရဟန်းတို့ ဤသည်ကား (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန် သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ဒုတိယပုဂ္ဂိုလ်ပေတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ‘စက္ခု’၌ မမြဲဟု အဖန်ဖန်ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု သိသည် ဖြစ်၍ အမြဲမပြတ် (စိတ်တစ်ပါးတို့နှင့်) မရော နှောဘဲစိတ်ဖြင့် နှလုံးသွင်းလျက် ပညာဖြင့် သက်ဝင်၍ နေ၏။

ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်အသက်အပိုင်းအခြားအလယ်၌ ပရိနိဗ္ဗာန်ပြုသော ‘အန္တရာပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်မည်၏။ပ။

အသက်အပိုင်းအခြားကို ထိ၍ ပရိနိဗ္ဗာန်ပြုသော ‘ဥပဟစ္စပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်မည်၏။ပ။

အားထုတ်မှုမရှိဘဲ ပရိနိဗ္ဗာန်ပြုသော ‘အသင်္ခါရပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်မည်၏။ပ။

အားထုတ်မှုရှိ၍ ပရိနိဗ္ဗာန်ပြုသော ‘သသင်္ခါရပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်မည်၏။ပ။

အထက်အကနိဋ္ဌဘုံသို့ သွားတတ်သော ‘ဥဒ္ဓံသောတအကနိဋ္ဌဂါမီ’ ပုဂ္ဂိုလ်မည်၏။

ရဟန်းတို့ ဤသည်ကား (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန် သော။ပ။

သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော သတ္တမပုဂ္ဂိုလ်ပေတည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန်ထိုက်တန်ကုန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သောအလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်၏။ (၁)

၉၆—၆၂၂။ ရဟန်းတို့ ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ကုန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန်ထိုက်တန်ကုန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ‘စက္ခု’၌ ဒုက္ခဟု ရှုသည်ဖြစ်၍ နေ၏။ပ။

စက္ခု၌ အနတ္တဟု ရှုသည်ဖြစ်၍ နေ၏။ပ။

စက္ခု၌ကုန်ခြင်းကို အဖန်ဖန် ရှုသည်ဖြစ်၍ နေ၏။ပ။

စက္ခု၌ ပျက်ခြင်းကို အဖန်ဖန် ရှုသည်ဖြစ်၍ နေ၏။ပ။

စက္ခု၌ ပျက်စီးခြင်းကင်းမှုကို ရှုသည်ဖြစ်၍ နေ၏။ပ။

စက္ခု၌ ချုပ်မှုကို အဖန်ဖန် ရှုသည်ဖြစ်၍ နေ၏။ပ။

စက္ခု၌ တစ်ဖန် စွန့်မှုကို ရှုသည်ဖြစ်၍ နေ၏။ပ။ (၂— ၈)

သောတ၌။ ဃာန၌။ ဇိဝှါ၌။ ကာယ၌။ မန၌။ပ။ (၉— ၄၈)

ရူပါရုံတို့၌။ပ။ သဒ္ဒါရုံတို့၌။ ဂန္ဓာရုံတို့၌။ ရသာရုံတို့၌။ ဖောဋ္ဌဗ္ဗာရုံတို့၌။ ဓမ္မာရုံတို့၌။ပ။ (၄၉—၉၆)

စက္ခုဝိညာဏ်၌။ပ။ သောတဝိညာဏ်၌။ ဃာနဝိညာဏ်၌။ ဇိဝှါဝိညာဏ်၌။ ကာယဝိညာဏ်၌။ မနောဝိညာဏ်၌။ပ။ (၉၇—၁၄၄)

စက္ခုသမ္ဖဿ၌။ပ။ သောတသမ္ဖဿ၌။ ဃာနသမ္ဖဿ၌။ ဇိဝှါသမ္ဖဿ၌။ ကာယသမ္ဖဿ၌။ မနောသမ္ဖဿ၌။ပ။ (၁၄၅—၁၉၂)

စက္ခုသမ္ဖဿဇာ ဝေဒနာ၌။ပ။ သောတသမ္ဖဿဇာ ဝေဒနာ၌။ ဃာနသမ္ဖဿဇာ ဝေဒနာ၌။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၌။ ကာယသမ္ဖဿဇာ ဝေဒနာ၌။ မနောသမ္ဖဿဇာ ဝေဒနာ၌။ပ။ (၁၉၃—၂၄ဝ)

ရူပသညာ၌။ပ။ သဒ္ဒသညာ၌။ ဂန္ဓသညာ၌။ ရသသညာ၌။ ဖောဋ္ဌဗ္ဗာသညာ၌။ ဓမ္မသညာ၌။ပ။ (၂၄၁—၂၈၈)

ရူပသေဉ္စတနာ၌။ပ။ သဒ္ဒသေဉ္စတနာ၌။ ဂန္ဓသေဉ္စတနာ၌။ ရသသေဉ္စတနာ၌။ ဖောဋ္ဌဗ္ဗသေဉ္စတနာ၌။ ဓမ္မသေဉ္စတနာ၌။ပ။ (၂၈၉—၃၃၆)

ရူပတဏှာ၌။ပ။ သဒ္ဒတဏှာ၌။ ဂန္ဓတဏှာ၌။ ရသတဏှာ၌။ ဖောဋ္ဌဗ္ဗတဏှာ၌။ ဓမ္မတဏှာ၌။ပ။ (၃၃၇—၃၈၄)

ရူပဝိတက်၌။ပ။ သဒ္ဒဝိတက်၌။ ဂန္ဓဝိတက်၌။ ရသဝိတက်၌။ ဖောဋ္ဌဗ္ဗဝိတက်၌။ ဓမ္မဝိတက်၌။ပ။ (၃၈၅—၄၃၂)

ရူပဝိစာရ၌။ပ။ သဒ္ဒဝိစာရ၌။ ဂန္ဓဝိစာရ၌။ ရသဝိစာရ၌။ ဖောဋ္ဌဗ္ဗဝိစာရ၌။ ဓမ္မဝိစာရ၌။ပ။ (၄၃၃—၄၈ဝ)

ပဉ္စက္ခန္ဓာ၌။ ရူပက္ခန္ဓာ၌။ ဝေဒနာက္ခန္ဓာ၌။ သညာက္ခန္ဓာ၌။ သင်္ခါရက္ခန္ဓာ၌။ ဝိညာဏက္ခန္ဓာ၌ မမြဲဟုရှုသည်ဖြစ်၍ နေ၏။ပ။ ဆင်းရဲဟု ရှုသည်ဖြစ်၍ နေ၏၊ အနတ္တဟု ရှုသည်ဖြစ်၍ နေ၏၊ ကုန်၏ဟုရှုသည် ဖြစ်၍ နေ၏၊ ပျက်၏ဟု ရှုသည်ဖြစ်၍ နေ၏၊ ပျက်စီး၏ဟု ရှုသည်ဖြစ်၍ နေ၏၊ ချုပ်၏ဟုရှုသည်ဖြစ်၍ နေ၏၊ တစ်ဖန်စွန့်၏ဟု ရှုသည်ဖြစ်၍ နေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် (အမြတ်ဆုံး လယ်မြေဖြစ်၏)။ (၄၈ ၁—၅၂၈)

ဆယ်ခုမြောက် အာဟုနေယျဝဂ် ပြီး၏။