အင်္ဂုတ္တရနိကာယ်
၄-ဒါနဝဂ်
၂-ဒုတိယဒါနသုတ်
၃၂။ ပေးလှူကြောင်းဖြစ်သော ယုံကြည်မှု ‘သဒ္ဓါ’၊ ပေးလှူကြောင်းဖြစ်သော ရှက်မှု ‘ဟိရီ’၊ အပြစ်မရှိသော ပေးလှူမှု ‘ဒါန’၊ ထိုတရားတို့သည် သူတော်ကောင်းတို့သို့ အစဉ်လိုက်ကုန်၏။ ထိုစကားသည် မှန်၏၊ ထိုတရားအပေါင်းကို နတ်ပြည်ရောက် ကြောင်းလမ်းဟု ဆိုကုန်၏၊ ထိုတရားအပေါင်းဖြင့် နတ်ပြည်သို့ သွားရ၏။
ဒုတိယသုတ်။