အင်္ဂုတ္တရနိကာယ်

(၇) ၂-ဘူမိစာလဝဂ်

၁-ဣ စ္ဆာသုတ်

၆၁။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ် မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လ စိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်။ ထိုရဟန်းသည် ထိုလာဘ်မရခြင်းကြောင့် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်တီးလက်ခတ် မြည်တမ်းရ၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်ရ၏။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်ရခြင်းလည်း မရှိသူ၊ စိုးရိမ် လည်း စိုးရိမ်ရသူ၊ ငိုကြွေးလည်း ငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏။ ထိုရဟန်းသည် ထို (ပစ္စည်းလေးပါး) လာဘ်ရခြင်းကြောင့် ယစ်မူး၏၊ အလွန်ယစ်မူး၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ လုံ့လစိုက်သူ၊ လာဘ်လည်း ရသူ၊ ယစ်မူးလည်း ယစ်မူးသူ၊ မေ့လျော့လည်း မေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ် လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လ မစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်။ ထိုရဟန်းသည် ထိုလာဘ်မရခြင်းကြောင့် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်တီးလက်ခတ် မြည်တမ်းရ၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်ရ၏။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လ မစိုက်သူ၊ လာဘ်လည်း မရသူ၊ စိုးရိမ်လည်း စိုးရိမ်ရသူ၊ ငိုကြွေးလည်း ငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လ မစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏။ ထိုရဟန်းသည် ထိုလာဘ်ရခြင်းကြောင့် ယစ်မူး၏၊ အလွန်ယစ်မူး၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်း ရသူ၊ ယစ်မူးလည်း ယစ်မူးသူ၊ မေ့လျော့လည်း မေ့လျော့သူ၊ သူတော် ကောင်းတရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်။ ထိုရဟန်းသည် ထိုလာဘ်ကို မရခြင်းကြောင့် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်တီးလက်ခတ် မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်ကိုလည်း မရသူ၊ စိုးရိမ်လည်း မစိုးရိမ်ရသူ၊ ငိုကြွေးလည်း မငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏။ ထိုရဟန်းသည် ထိုလာဘ်ရခြင်းကြောင့် မယစ်မူး၊ အလွန်မယစ်မူး၊ မေ့လျော့ခြင်းသို့ မရောက်။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်လည်း ရသူ၊ ယစ်မူးလည်း မယစ်မူးသူ၊ မေ့လျော့လည်း မမေ့လျော့သူ၊ သူတော် ကောင်းတရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လ မစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်။ ထိုရဟန်းသည် ထိုလာဘ်မရခြင်းကြောင့် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်တီးလက်ခတ် မမြည်တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်း မရသူ၊ စိုးရိမ်လည်း မစိုးရိမ်သူ၊ ငိုကြွေးလည်း မငိုကြွေးသူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံ တစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏။ ထိုရဟန်းသည် ထိုလာဘ်ရခြင်းကြောင့် မယစ်မူး၊ အလွန်မယစ်မူး၊ မေ့လျော့ခြင်းသို့ မရောက်။ ရဟန်းတို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ် လည်း ရသူ၊ ယစ်မူးလည်း မယစ်မူးသူ၊ မေ့လျော့လည်း မမေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤလောက၌ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။