အင်္ဂုတ္တရနိကာယ်

(၇) ၂-ဘူမိစာလဝဂ်

၂-အလံသုတ်

၆၂။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌လည်း) စွမ်းနိုင်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်းမှတ်သားနိုင်၏။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘောရှိ၏။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုလည်း စုံစမ်းဆင်ခြင်နိုင်၏။ အနက် ပါဠိကို သိ၍ တရား အားလျော်သော အကျင့်ကိုလည်း ကျင့်၏။ ကောင်းသော စကားလည်း ရှိ၏၊ ကောင်းသော မြွက်ဆိုသံ လည်း ရှိ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့် ပြည့်စုံ၏။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေနိုင်၏။ ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌လည်း) စွမ်းနိုင်၏။ (၁)

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌လည်း) စွမ်းနိုင်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်းမှတ်သားနိုင်ခြင်းကား မရှိ။ ကြားနာအပ်ပြီးသော တရားကို ဆောင်ထားတတ်သော သဘောရှိ၏။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုလည်း စုံစမ်းဆင်ခြင်နိုင်၏။ အနက်ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကိုလည်း ကျင့်၏။ ကောင်းသော စကားလည်း ရှိ၏။ပ။ အဓိပ္ပါယ် သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့်လည်း ပြည့်စုံ၏။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေနိုင်၏။ ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌လည်း) စွမ်းနိုင်၏။ (၂)

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။

အဘယ်လေးမျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်းမှတ်သားနိုင်၏။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘောရှိ၏။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုလည်း စုံစမ်းဆင်ခြင်နိုင်၏။ အနက်ပါဠိကို သိ၍ တရားအား လျော်သော အကျင့်ကိုလည်း ကျင့်၏။ ကောင်းသော စကား မရှိ၊ ကောင်းသော မြွက်ဆိုသံ မရှိ၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ် သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့်လည်း မပြည့်စုံ။ သီတင်းသုံးဖော်တို့အား တရားစကားကို ကောင်းစွာ မပြတတ်၊ (တရားကို) မဆောက်တည်စေနိုင်၊ (တရားကျင့်သုံးရန်) မထက်သန် မရွှင်လန်းစေနိုင်။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။ (၃)

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။

အဘယ်လေးမျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌့လျင်စွာ စုံစမ်းမှတ်သားနိုင်၏။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘောရှိ၏။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုကား မစုံစမ်း မဆင်ခြင်နိုင်။ အနက်ပါဠိကို သိ၍ တရား အားလျော်သော အကျင့်ကို မကျင့်။ ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံ ရှိ၏။ပ။ အဓိပ္ပါယ် သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့် ပြည့်စုံ၏။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် ကောင်းစွာ ပြတတ်၏။ပ။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏။ မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။ (၄)

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်း နိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။

အဘယ်သုံးမျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်းမှတ်သားနိုင်ခြင်း မရှိ။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘော ရှိ၏။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုလည်း စုံစမ်းဆင်ခြင်နိုင်၏။ အနက်ပါဠိကို သိ၍ တရား အားလျော်သော အကျင့်ကိုလည်း ကျင့်၏၊ ကောင်းသော စကားမရှိ၊ ကောင်းသော မြွက်ဆိုသံမရှိ၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော ပြည်ကြီးသူတို့၏စကားနှင့် မပြည့်စုံ။ သီတင်း သုံးဖော်တို့အား တရားစကားဖြင့် ကောင်းစွာ မပြတတ်၊ (တရားကို) မဆောက်တည်စေနိုင်၊ (တရားကျင့်သုံးရန်) မထက်သန် မရွှင်လန်းစေနိုင်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။ (၅)

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏။ မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။

အဘယ်သုံးမျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်းမှတ်သားနိုင်ခြင်း မရှိ။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘော ရှိ၏။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုကား မစုံစမ်း မဆင်ခြင်နိုင်။ အနက်ပါဠိကို သိ၍ လောကုတ္တရာတရားအားလျော်သော အကျင့်ကိုလည်း မကျင့်၊ ကောင်းသောစကားရှိ၏။ပ။ အဓိပ္ပါယ် သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့် ပြည့်စုံ၏။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် (အကျိုး စီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေနိုင်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏။ မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။ (၆)

ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏။ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။

အဘယ်နှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်းမှတ်သားနိုင်ခြင်း မရှိ။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘောမရှိ။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုကား စုံစမ်း ဆင်ခြင်နိုင်၏။ အနက်ပါဠိကို သိ၍ လောကုတ္တရာ တရားအားလျော်သော အကျင့်ကို ကျင့်၏။ ကောင်းသော စကားမရှိ။ပ။ အဓိပ္ပါယ် သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့် မပြည့်စုံ။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် (အကျိုးစီးပွါးကို ) မပြတတ်။ပ။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏၊ သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။ (၇)

ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌)့စွမ်းနိုင်၏။ မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်။

အဘယ်နှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်စွာ စုံစမ်းမှတ်သားနိုင်ခြင်း မရှိ။ ကြားနာပြီးသော တရားတို့ကို ဆောင်ထားတတ်သော သဘော ရှိ၏။ ဆောင်ထားပြီးသော တရားတို့၏ အနက်ကိုလည်း မစုံစမ်း မဆင်ခြင်နိုင်။ အနက်ပါဠိကို သိ၍ လောကုတ္တရာတရားအားလျော်သော အကျင့်ကို မကျင့်၊ ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံ ရှိ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့် ပြည့်စုံ၏။ သီတင်းသုံးဖော်တို့အား တရားစကားဖြင့် (အကျိုး စီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေနိုင်၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါးတို့၏ (အစီးအပွါးကို ကျင့်ခြင်း၌) စွမ်းနိုင်၏။ မိမိ၏ (အစီးအပွါးကို ကျင့်ခြင်း၌ကား) မစွမ်းနိုင်ဟု (မိန့်တော်မူ၏)။ (၈)

ဒုတိယသုတ်။