အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၁ဝ-အာဟုနေယျသုတ်

၁ဝ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန် ထိုက်ကုန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကို ခံထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော မြတ်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်၏။ အဘယ်ကိုးမျိုးတို့နည်းဟူမူ—ရဟန္တာ၊ ရဟန္တာ ဖြစ်ရန် ကျင့်သူ၊ အနာဂါမ်၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ၊ သကဒါဂါမ်၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ၊ သောတာပန်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ၊ ပုထုဇဉ် အနွယ်ကို ဖြတ်သူ ‘ဂေါတြဘူ’ ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ် ဆုံး လယ်မြေ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော သမ္ဗောဓိဝဂ် ပြီး၏။