အင်္ဂုတ္တရနိကာယ်

၂-သီဟနာဒဝဂ်

၆-သညာသုတ်

၁၆။ ရဟန်းတို့ ဤသညာကိုးမျိုးတို့ကို ပွါးများကြကုန်မူ၊ ကြိမ်ဖန်များစွာပြုကြကုန်မူ အကျိုး များကုန်၏၊ အာနိသင်များကုန်၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်ကိုးမျိုးတို့နည်းဟူမူ—မတင့်တယ်ဟု အမှတ်ပြုမှု ‘အသုဘသညာ’၊ သေခြင်း၌ အမှတ်ပြုမှု ‘မရဏသညာ’၊ အစားအစာ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု ‘အာဟာရေ ပဋိကူလသညာ’၊ လောက အားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ပြုမှု ‘သဗ္ဗလောကေ အနဘိရတိသညာ’၊ မမြဲဟု အမှတ်ပြုမှု ‘အနိစ္စ သညာ’၊ မမြဲရာ၌ ဆင်းရဲဟု အမှတ်ပြုမှု ‘အနိစ္စေ ဒုက္ခသညာ’၊ ဆင်းရဲရာ၌ အစိုးမရ ‘အတ္တမဟုတ်’ဟု အမှတ်ပြုမှု ‘ဒုက္ခေ အနတ္တသညာ’၊ ပယ်ခြင်း၌ဖြစ်သော အမှတ်ပြုမှု ‘ပဟာနသညာ’၊ တပ်မက်မှု ကင်းခြင်း၌ ဖြစ်သော အမှတ်ပြုမှု ‘ဝိရာဂသညာ’တို့တည်း။

ရဟန်းတို့ ဤသညာကိုးမျိုးတို့ကို ပွါးများကြကုန်မူ၊ ကြိမ်ဖန်များစွာ ပြုကြကုန်မူ အကျိုးများကုန်၏၊ အာနိသင်များကုန်၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။