အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၂-အနုပုဗ္ဗဝိဟာရသမာပတ္တိသုတ်

၃၃။ ရဟန်းတို့ ဤအစဉ်အတိုင်း (ဝင်စားသောအားဖြင့်) နေအပ်သော သမာပတ် ‘ဈာန်’ ကိုးမျိုးတို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အစဉ်အတိုင်း (ဝင်စားသောအားဖြင့်) နေအပ်သော သမာပတ်ကိုးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ အကြင်ဌာန၌ ကာမတို့သည် ချုပ်ကုန်၏၊ အကြင်သူတို့သည်လည်း ဝတ္ထုကာမ, ကိလေသာကာမတို့ကို ချုပ်စေ ချုပ်စေ၍ နေကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (ဈာန်) အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ ကာမတို့သည် ချုပ်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း ကာမတို့ကို ချုပ်စေ ချုပ်စေ၍ နေကြကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်းကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤ သာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ဤပဌမဈာန်၌ ကာမတို့သည် ချုပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည်လည်း ကာမတို့ကို ချုပ်စေ ချုပ်စေ၍ နေကြကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့သည် ချုပ်ကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် လည်း ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့ကို ချုပ်စေ ချုပ်စေ၍ နေကြကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (ဒုတိယဈာန်) အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်း တစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့ သည် ချုပ်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း ထိုကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့ကို ချုပ်စေ ချုပ်စေ၍ နေကြကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်းကို ငါမမြင်”ဟု တစ်စုံ တစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းအေးခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ဤဒုတိယဈာန်၌ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့သည် ချုပ်ကုန်၏၊ ထို (ဒုတိယဈာန်ရ) ပုဂ္ဂိုလ်တို့သည်လည်း ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့ကို ချုပ်စေ ချုပ်စေ၍ နေကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သောတရား ကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက် ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ နှစ်သိမ့်မှု ‘ပီတိ’သည် ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း နှစ်သိမ့်မှု ‘ပီတိ’ကို ချုပ်စေ ချုပ်စေ၍ နေကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (ဈာန်) အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ နှစ်သိမ့်မှု ‘ပီတိ’သည် ချုပ်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း နှစ်သိမ့်မှု ‘ပီတိ’ကို ချုပ်စေ ချုပ်စေ၍ နေကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်းကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း တပ်မက်မှု ကင်းခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏၊ ဤတတိယဈာန်၌ နှိမ်သိမ့်မှု ‘ပီတိ’သည် ချုပ်၏၊ ထို (တတိယဈာန်ရ) ပုဂ္ဂိုလ်တို့သည်လည်း နှစ်သိမ့်မှု ‘ပီတိ’ကို ချုပ်စေ ချုပ်စေ၍ နေကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ့်သော တရားကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’ ချမ်းသာသည် ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း လျစ်လျူ ရှုမှု ‘ဥပေက္ခာ’ ချမ်းသာကို ချုပ်စေ ချုပ်စေ၍ နေကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (စတုတ္ထဈာန်) အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’ ချမ်းသာသည် ချုပ်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း လျစ်လျူရှုမှု ‘ဥပေက္ခာ’ ချမ်းသာကို ချုပ်စေ ချုပ်စေ၍ နေကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်းကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤ သာသနာတော်၌ ရဟန်းသည် ချမ်းသာမှု ‘သုခ’ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ဤစတုတ္ထဈာန်၌ လျစ်လျူရှုမှု ‘ဥပေက္ခာ’ ချမ်းသာသည် ချုပ်၏၊ ထို (စတုတ္ထဈာန်ရ) ပုဂ္ဂိုလ်တို့ သည်လည်း လျစ်လျူရှုမှု ‘ဥပေက္ခာ’ ချမ်းသာကို ချုပ်စေ ချုပ်စေ၍ နေကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက် ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ (ကသိုဏ်း) ရုပ်၌ဖြစ်သော မှတ်သားမှု ‘ရူပသညာ’ သည် ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့ သည်လည်း (ကသိုဏ်း) ရုပ်၌ဖြစ်သော မှတ်သားမှု ‘ရူပသညာ’ ကို ချုပ်စေ ချုပ်စေ၍ နေကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (ဈာန်) အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ (ကသိုဏ်း) ရုပ်၌ ဖြစ်သော မှတ်သားမှု ‘ရူပသညာ’ ချုပ်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း (ကသိုဏ်း) ရုပ်၌ဖြစ်သော မှတ်သားမှု ‘ရူပသညာ’ ကို ချုပ်စေ ချုပ်စေ၍ နေကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်းကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် (ကသိုဏ်း)ရုပ်၌ဖြစ်သော မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ထိပါးမှု၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူး မှတ်သားမှု ‘နာနာတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် ‘ကောင်းကင်သည် အဆုံးမရှိ’ဟု အာကာသာနဉ္စာ ယတနဈာန်သို့ ရောက်၍ နေ၏။ ထို (အာကာသာနဉ္စာယတနဈာန်ရ) ထိုပုဂ္ဂိုလ်တို့သည်လည်း ရုပ်၌ မှတ်သားမှု ‘ရူပသညာ’တို့ကို ချုပ်စေ ချုပ်စေ၍ နေကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ အာကာသာနဉ္စာယတနသညာသည် ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း အာကာသာ နဉ္စာယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (ဝိညာဏဉ္စာယတန) ဈာန်အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ အာကာသာနဉ္စာယတနသညာသည် ချုပ်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း အာကာသာနဉ္စာယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကြကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်း ကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤ သာသနာတော်၌ ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံး မရှိ’ဟု ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။

ဤ (ဝိညာဏဉ္စာယတနဈာန်) ၌ အာကာသာနဉ္စာ ယတနသညာသည် ချုပ်၏၊ ထို (ဝိညာဏဉ္စာယတနဈာန်ရ) ပုဂ္ဂိုလ်တို့သည်လည်း အာကာသာနဉ္စာယတန သညာကို ချုပ်စေ ချုပ်စေ၍ နေကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက် ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ် ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ ဝိညာဏဉ္စာယတနသညာသည် ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် ဝိညာဏဉ္စာယတန သညာကို ချုပ်စေ ချုပ်စေ၍ နေကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (ဈာန်) အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ ဝိညာဏဉ္စာယတနသညာသည် ချုပ်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း ဝိညာဏဉ္စာ ယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကြကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်းကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘တစ်စုံတစ်ခုမျှမရှိ’ဟု အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ဤ (အာကိဉ္စညာယတနဈာန်) ၌ ဝိညာဏဉ္စာယတနသညာသည် ချုပ်၏၊ ထို(အာကိဉ္စညာယတနဈာန်ရ) ပုဂ္ဂိုလ်တို့သည်လည်း ဝိညာဏဉ္စာယတန သညာကို ချုပ်စေ ချုပ်စေ၍ နေကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သောတရား ကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သောတရားကို နှစ်ခြိုက် ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ အာကိဉ္စညာယတနသညာသည် ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း အာကိဉ္စညာ ယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (ဈာန်) အင်္ဂါဖြင့် မဆာ လောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ အာကိဉ္စညာယတနသညာသည် ချုပ်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း အာကိဉ္စညာယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်း ကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤသာသနာတော်၌ ရဟန်း သည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ကပ်ရောက်၍ နေ၏။ ဤ (နေဝသညာနာသညာယတနဈာန်)၌ အာကိဉ္စညာယတနသညာသည် ချုပ်၏၊ ထို (နေဝသညာ နာသညာယတနဈာန်ရ) ပုဂ္ဂိုလ်တို့သည်လည်း အာကိဉ္စညာယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကြကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှ ပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သော တရားကို နှစ်ခြိုက်ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ အကြင်ဌာန၌ နေဝသညာနာသညာယတနသညာသည် ချုပ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း နေဝသညာနာသညာယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကြကုန်၏၊ စင်စစ် ထိုအသျှင်တို့သည် ထို (နိရောဓသမာပတ်) အင်္ဂါဖြင့် မဆာလောင်ကုန်၊ ငြိမ်းအေးကုန်၏၊ ကူးမြောက်ပြီး ဖြစ်ကုန်၏၊ ကမ်း တစ်ဖက်သို့ ရောက်ပြီး ဖြစ်ကုန်၏ဟု ငါဆို၏။ “အဘယ်ဌာန၌ နေဝသညာနာသညာယတနသညာသည် ချုပ်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည်လည်း နေဝသညာနာသညာယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကြကုန်သနည်း၊ ထိုအကြောင်းကို ငါမသိ၊ ထိုအကြောင်းကို ငါမမြင်”ဟု တစ်စုံတစ်ယောက်က ဤသို့ ဆိုလာခဲ့မူ ထိုသူကို “ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် နေဝသညာ နာသညာယတနဈာန်ကို လုံးဝ့လွန်မြောက်၍ သညာ ဝေဒယိတ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ ဤ (သညာဝေဒယိတနိရောဓ သမာပတ်) ၌ နေဝသညာနာသညာယတနသညာသည် ချုပ်၏၊ ထို (သညာ ဝေဒယိတ နိရောဓသမာပတ် ဝင်စားသူ) ပုဂ္ဂိုလ်တို့သည်လည်း နေဝသညာ နာသညာယတနသညာကို ချုပ်စေ ချုပ်စေ၍ နေကြကုန်၏”ဟု ဤသို့ ဆိုအပ်၏။ ရဟန်းတို့ စင်စစ် မစဉ်းလဲသူ မလှည့်ပတ်တတ်သူသည် “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သောတရားကို နှစ်ခြိုက်ရာ၏၊ ဝမ်းမြောက်ရာ၏၊ “ကောင်းလှပေ၏”ဟူ၍ ဟောအပ်သောတရား ကို နှစ်ခြိုက်ဝမ်းမြောက်၍ ရှိခိုးလျက် လက်အုပ်ချီကာ ဆည်းကပ်ရာ၏။ ရဟန်းတို့ ဤသည်တို့ကား အစဉ်အတိုင်း (ဝင်စားသောအားဖြင့်) နေအပ်သော သမာပတ် ‘ဈာန်’ ကိုးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။