အင်္ဂုတ္တရနိကာယ်

၅-သာမညဝဂ်

၃-ပညာဝိမုတ္တသုတ်

၄၄။ “ငါ့သျှင် ပညာဖြင့် လွတ်မြောက်သူ ပညာဖြင့် လွတ်မြောက်သူ”ဟု ဆိုအပ်၏။ ငါ့သျှင် အဘယ်မျှဖြင့် ပညာဖြင့် လွတ်မြောက်သူဟု မြတ်စွာဘုရား ဟောတော်မူပါသနည်းဟု (မေး၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ပညာဖြင့်လည်း ထိုပဌမဈာန်ကို သိ၏၊ ငါ့သျှင် ဤမျှဖြင့်လည်း ပညာဖြင့် လွတ်မြောက်သူဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟောတော်မူ၏။ပ။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် သညာဝေဒနာတို့၏ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက်၍ နေ၏။ ထိုသူသည် ပညာဖြင့် မြင်၍ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ပညာ ဖြင့်လည်း ထို (သမာပတ်) ကို သိ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ပညာဖြင့် လွတ်မြောက်သူဟု မြတ်စွာဘုရားသည် ပရိယာယ်မဟုတ် (မုချ)အားဖြင့် ဟောတော်မူ၏ဟု (မိန့်ဆို၏ )။

တတိယသုတ်။