အင်္ဂုတ္တရနိကာယ်

၅-သာမညဝဂ်

၄-ဥဘတောဘာဂဝိမုတ္တသုတ်

၄၅။ “ငါ့သျှင် နှစ်ပါးစုံဖြင့် လွတ်မြောက်သူ နှစ်ပါးစုံဖြင့် လွတ်မြောက်သူ”ဟု ဆိုအပ်၏။ ငါ့သျှင် အဘယ်မျှဖြင့် နှစ်ပါးစုံဖြင့့်် လွတ်မြောက်သူဟု မြတ်စွာဘုရား ဟောတော်မူပါသနည်းဟု (မေး၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ အကြောင်းကြောင်းအားဖြင့်လည်း ထိုတည်ရာပဌမဈာန်ကို ကိုယ်ဖြင့် တွေ့ထိ၍ နေ၏၊ ပညာဖြင့်လည်း ထိုပဌမဈာန်ကို သိ၏၊ ငါ့သျှင် ဤမျှဖြင့်လည်း နှစ်ပါးစုံဖြင့် လွတ်မြောက်သူဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟောတော်မူ၏။ပ။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာ နာသညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် သညာဝေဒနာတို့၏ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက် ၍ နေ၏။ ထိုသူသည် ပညာဖြင့် မြင်၍ အာသဝေါတရားတို့ကုန်ခန်းကုန်၏၊ အကြောင်းကြောင်းအားဖြင့် လည်း ထိုတည်ရာ (သမာပတ်)ကို ကိုယ်ဖြင့် တွေ့ထိ၍ နေ၏၊ ပညာဖြင့်လည်း ထိုသမာပတ်ကို သိ၏။ ငါ့သျှင် ဤမျှဖြင့်လည်း နှစ်ပါးစုံဖြင့့်် လွတ်မြောက်သူဟု မြတ်စွာဘုရားသည် ပရိယာယ်မဟုတ် (မုချ) အားဖြင့် ဟောတော်မူ၏ဟု (မိန့်ဆို၏ )။

စတုတ္ထသုတ်။