အင်္ဂုတ္တရနိကာယ်

၅-သာမညဝဂ်

၅-သန္ဒိဋ္ဌိကဓမ္မသုတ်

၄၆။ “ငါ့သျှင် ကိုယ်တိုင်သိမြင်အပ်သောတရား ကိုယ်တိုင်သိမြင်အပ်သောတရား”ဟု ဆိုအပ်၏။ ငါ့သျှင် အဘယ်မျှဖြင့် ကိုယ်တိုင်သိမြင်အပ်သောတရားဟု မြတ်စွာဘုရား ဟောတော်မူပါသနည်းဟု (မေး၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း ကိုယ်တိုင် သိမြင်အပ်သောတရားဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟောတော်မူ၏။ပ။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာ့ယတနဈာန်ကို လုံးဝလွန်မြောက်လျက် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက်၍ နေ၏။ ထိုသူအား ပညာဖြင့် မြင်၍ အာသဝေါတရားတို့ ကုန်ခန်းကုန်၏၊ ငါ့သျှင် ဤမျှဖြင့်လည်း ကိုယ်တိုင်သိမြင်အပ်သော တရားဟု မြတ်စွာဘုရားသည် ပရိယာယ်မဟုတ် (မုချ) အားဖြင့် ဟောတော်မူ၏ဟု (မိန့်ဆို၏ )။

ပဉ္စမသုတ်။